www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 13, 2015

၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှ စတင်၍ ကျောင်းပြင်ပ ပညာရေးစနစ်ဖြင့် မိုဘိုင်းလ် သင်ကြားသည့် စင်တာများ စမ်းသပ် လုပ်ဆောင်မည်


ငပုတော ၊ ၁၃-၅-၂၀၁၅

၂ဝ၁၅ -၂ဝ၁၆ ပညာသင်နှစ် တွင် ကျောင်းပြင်ပ ပညာရေး စနစ်ဖြင့် ကျောင်းသားများ ထံသို့ စာသင်ခန်း အရောက် မိုဘိုင်းလ် သင်ကြားသည့် စင်တာများကို ဧရာဝတီတိုင်း ဒေသကြီး ငပုတော မြို့နယ်၌ စတင် စမ်းသပ် လုပ်ဆောင်မည် ဖြစ်ကြောင်း ကျောင်းပြင်ပ မူလတန်း ပညာရေး ကြီးကြပ်မှု ကော်မတီ မှ ဒေါက်တာ ထူးထူးအောင် (နည်းပညာအဖွဲ့) က ပြောသည်။

အဆိုပါ ကျောင်းပြင်ပ ပညာရေးကို ၂ဝဝ၈ ခုနှစ်မှ စတင် အကောင် အထည်ဖော် ဆောင်ရွက်ရာ ခုနစ်နှစ်တာ ကာလအတွင်း သင်ကြားသော ကျောင်းသား အရေအတွက်မှာ နည်းနေ သောကြောင့် Mobile Centre များ စတင် လုပ်ဆောင်ရန် စီစဉ်ခြင်း ဖြစ်ပြီး ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် မှစ၍ ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် ရှိ ဆားလုပ်ငန်း များ၌ လုပ်ကိုင် နေကြသော ကလေးများထံသို့ သွားရောက်၍ စတင် စမ်းသပ်မည် ဖြစ်ပြီး ယင်းစနစ် အောင်မြင်ပါက တခြားမြို့နယ် များ၌လည်း စမ်းသပ် သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ကျောင်းပြင်ပ ပညာရေး အစီအစဉ် ဖြင့် စတင်သင်ကြား ပေးမည့် ဆရာ၊ ဆရာမများ ရွေးချယ်ရာတွင် ဘွဲ့ရများကို ပထမ ဦးစားပေး ခေါ်ယူမည် ဖြစ်ပြီး ဒုတိယ ဦးစားပေး အနေဖြင့် ဘွဲ့ကြိုတန်း တက်ရောက် နေသူများအား ခေါ်ယူမည် ဖြစ်ရာ ရွေးချယ် ထားသော ဆရာ၊ ဆရာမ များကို နိုင်ငံတော်မှ တစ်လလျှင် ငွေကျပ် လေးသောင်း ပေးမည့်အပြင် UNICEF နှင့် အလှူရှင် များက ကုန်ကျ စရိတ်များကို ပံ့ပိုးပေး သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာသင်ခန်း အရောက်စနစ် မိုဘိုင်းလ် စင်တာများ စတင် လုပ်ဆောင် ရာ၌ စင်တာ လေးခုတွင် ဆရာ၊ ဆရာမ ရှစ်ဦး ပါဝင်ကာ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် မှစတင်၍ ဆောင်ရွက် သွားမည်ဖြစ်ပြီး သင်ကြားပေးမည့် ဆရာ၊ ဆရာမ များသည် ဒေသခံဆရာ၊ ဆရာမများ ဖြစ်ရမည့် အပြင် လုပ်ငန်းခွင် အထိ သွားရောက် သင်ကြား ပေးရမည် ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger