www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 13, 2015

ကျောင်းပြင်ပ မူလတန်းပညာရေး မှ ကျောင်းသား ကျောင်းသူ ၈၈ ရာခိုင်နှုန်းခန့် အလယ်တန်းသို့ ဆက်လက်တက်ခွင့် ရရှိ


ရန်ကုန် ၊ ၁၃-၅-၂၀၁၅

မြန်မာနိုင်ငံ ပညာရေး ဝန်ကြီးဌာနမှ ကြီးမှူး၍ ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်တွင် အရည်အချင်းစစ် စာမေးပွဲကို ဖြေဆိုအောင်မြင် ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ များသည် လာမည့် ၂ဝ၁၅- ၂ဝ၁၆ ပညာသင် နှစ်တွင် အခြေခံပညာ အလယ်တန်း သို့ တက်ရောက်၍ ပညာ သင်ကြားခွင့် ရရှိကြမည် ဖြစ်ကြောင်း ကျောင်းပြင်ပ မူလတန်း ပညာရေး ဗဟိုကြီးကြပ်မှု ကော်မတီ၏ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ယခုနှစ် မတ်လ အတွင်းက သက်ဆိုင်ရာမှ စီစဉ် ဆောင်ရွက်ခဲ့သော ကျောင်းပြင်ပ မူလတန်း ပညာရေး Level-2 အရည်အချင်းစစ် စာမေးပွဲတွင် ဝင်ရောက် ဖြေဆိုသော ကျောင်းသား၊ ကျောင်းသူ ၃၆၄၃ ဦးအနက် ၃၂ဝ၂ ဦး အောင်မြင်ခဲ့ရာ ရာခိုင်နှုန်း အားဖြင့် ၈၈ ရာခိုင်နှုန်း ခန့် ဖြေဆိုအောင်မြင် ခဲ့သည်။

အဆိုပါ Level-2 အရည်အချင်းစစ် စာမေးပွဲကို ဖြေဆို အောင်မြင်ခဲ့ ကြသော ကျောင်းသား၊ ကျောင်းသူ များသည် အခြေခံပညာ ကျောင်းများ၌ အလယ်တန်း ပညာ ဆက်လက်သင်ယူ နိုင်မည်ဖြစ်ပြီး ၄င်းတို့ကို သက်ဆိုင်ရာမှ ကျောင်းပြင်ပ မူလတန်း ပညာရေး Level-2 အောင်လက်မှတ်များ ထုတ်ပေး သွားမည် ဖြစ်ကြောင်း၊ ယင်း အောင်လက်မှတ် များဖြင့် ပြည်တွင်းရှိ အခြေခံပညာ ကျောင်းများတွင် ပဉ္စမတန်း ဆက်တက်ခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၄- ၂ဝ၁၅ ပညာသင်နှစ် တွင် မြန်မာနိုင်ငံ အနှံ့အပြား ရှိ မြို့နယ် ၈၉ မြို့နယ်၌ ကျောင်းပြင်ပ မူလတန်း ပညာရေး အခြေစိုက် စခန်းပေါင်း ၅၆၉ ခု ဖွင့်လှစ်ခဲ့ပြီး မူလတန်း ပထမအဆင့် (Level-1) နှင့် ဒုတိယအဆင့် (Level-2) ဟူ၍ အဆင့်နှစ်ဆင့် သတ်မှတ်၍ ဖွင့်လှစ်ခဲ့ရာ သင်တန်းသား ဦးရေ စုစုပေါင်း ၁၁၂၃ဝ ကျော် တက်ရောက် ခဲ့ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger