တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Avala Tower တွင် လေ့လာကြည့်ရှုစဉ် |
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆားဗီးယား သူရဲကောင်း စစ်သည်ဗိမာန် (Mount Avala) ၌ ပန်းခွေချ အလေးပြုစဉ် |
ဆားဗီးယား သူရဲကောင်း စစ်သည်ဗိမာန် (Mount Avala) |
နေပြည်တော် ၊ ၁၃-၅-၂၀၁၅
ဆားဗီးယား သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိ နေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် မေ ၁၁ ရက် ဒေသ စံတော်ချိန် နံနက် ၁၁ နာရီ ၂၀ မိနစ် တွင် Avala Tower သို့ရောက်ရှိ လေ့လာ ကြည့်ရှု ကြသည်။
အဆိုပါ Avala Tower သည် ၁၉၅၆ ခုနှစ်၌ စတင် တည်ဆောက် ခဲ့သည်။ ၁၉၉၉ ခုနှစ် က နေတိုးတပ်ဖွဲ့ဝင် များ၏ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့ရာ ဆာဗီးယား ပြည်သူများ၏ ထည့်ဝင်ငွေဖြင့် ၂၀၀၇ ခုနှစ်တွင် ပြန်လည်မွမ်းမံ တည်ဆောက်ခဲ့ရာ ၂၀၀၉ ခုနှစ်တွင် ပြီးစီးခဲ့ပြီး ရုပ်သံလွှင့်တိုင် အမြင့် အပါအ၀င် စုစုပေါင်း အမြင့် ၂၀၄ ဒသမ ၈ မီတာ ထိ ရှိပါသည်။ Avala Tower သည်Triangle Dimension ကို အခြေပြု တည်ဆောက် ထားသည်။ လူအများ တက်ရောက် လည်ပတ်နိုင် ပြီး ဘဲလ်ဂရိတ်မြို့ ရှုခင်း အား အပေါ်စီးမှ ကြည့်ရှု နိုင်ပါသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် နေ့လည် ၁၂ နာရီ ၁၅ မိနစ် တွင် ဆားဗီးယား သမ္မတနိုင်ငံ ၏ သူရဲကောင်း စစ်သည် ဗိမာန် ( Mount Avala ) သို့ ရောက်ရှိရာ သူရဲကောင်း စစ်သည် ဗိမာန်၌ ဆားဗီးယား လေတပ် ဦးစီးချုပ် ဗိုလ်ချုပ် Ranko Zivak နှင့် တာဝန်ရှိ သူများက ဂုဏ်ပြုတပ်ဖွဲ့ နှင့် ကြိုဆိုခဲ့ ကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည် သူရဲကောင်း စစ်သည် ဗိမာန်၌ ပန်းခွေချ အလေးပြု ကြသည်။
ဆားဗီးယား သူရဲကောင်း စစ်သည် ဗိမာန် ( Mount Avala ) သည် ဘဲလ်ဂရိတ်မြို့၏ အရှေ့ တောင်ဖက်ရှိ Avala Tower အနီး တောင်ထိပ်ပေါ်၌ တည်ရှိပြီး ပထမ ကမ္ဘာစစ် နှင့် ဘော်လကန် စစ်ပွဲများ အတွင်း ကျဆုံးခဲ့သူ များအား ဂုဏ်ပြု အထိမ်းအမှတ် အဖြစ် ၁၉၃၄ ခုနှစ်တွင် စတင် တည်ဆောက် ခဲ့သည်။ ဆားဗီးယား သမ္မတနှင့် ၀န်ကြီးချုပ် စသည့် နိုင်ငံခေါင်းဆောင် များသည် ဆားဗီးယား အမျိုးသားနေ့၊ အောင်ပွဲနေ့ များတွင် သွားရောက် ဂါရ၀ပြုလေ့ ရှိကြောင်းလည်း သိရှိရသည်။
#Themyawadydaily
No comments:
Post a Comment