www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 13, 2015

ရှေးဟောင်း သမိုင်းဝင် ဖိုလ်ဝင်တောင် ဒေသတွင် ရာသီဥတု ပူးပြင်းသော်လည်း နိုင်ငံခြား ခရီးသွားဧည့်သည်များ လာရောက်မှု ကျဆင်းခြင်းမရှိ



ဆားလင်းကြီး ၊ ၁၃-၅-၂၀၁၅

စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီး မြို့နယ်နှင့် ယင်းမာပင် မြို့နယ်ကြားရှိ ရှေးဟောင်း သမိုင်းဝင် ဖိုလ်ဝင်တောင် ဒေသတွင် မေလဆန်းပိုင်းမှ စတင်ပြီး နေ့အပူရှိန်များ သိသိသာသာ လွန်ကဲ ခဲ့သော်လည်း နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်မှုမှာ လျော့နည်း ကျဆင်းသွားခြင်း မရှိကြောင်း ဒေသခံ ဈေးသည်များ ထံမှ သိရသည်။

ဖိုလ်ဝင်တောင် ဒေသသည် သဲကျောက် တောင်တန်းကြီးများ အများအပြား တည်ရှိပြီး ၄င်း သဲကျောက် တောင်တန်း နံရံကြီးများကို ရှေးယခင်က လူအားဖြင့် ထွင်းထုထားသော သမိုင်းဝင် ဗုဒ္ဓ ကျောက်ဆစ် လက်ရာများ အများအပြား တည်ရှိသည်။

အဆိုပါဒေသရှိ ကျောက်ဆစ် လက်ရာများနှင့် ပတ်သက်၍ ရှေးဟောင်း ယဉ်ကျေးမှု သုတေသန သမိုင်းပညာရှင် များ၏ ဆန်းစစ် လေ့လာချက်များ အရ ဟန်လင်း မြို့ဟောင်း ကောင်းစားစဉ် အခါက ပျူမင်း၊ ပြုံးမင်းတို့ အဆက် မဟာဗန္ဒဝမင်း နှင့် မိဖုရား အပါအဝင် မှူးမတ်၊ အကြပ် စစ်သည်များက အဆိုပါ ကျောက်ဆစ် လက်ရာများကို ထွင်းထု ထားခဲ့ခြင်း ဖြစ်သည်ဟု ယူဆထား ကြသည်။

၎င်းဒေသရှိ ရှေးဟောင်း သမိုင်းဝင် ကျောက်ဆစ် လိုဏ်ဂူကြီး များအတွင်း၌ ကျောက်သား နံရံကို ထွင်းထု ထားသည့် ဗုဒ္ဓ ရုပ်ပွားတော် ဆင်းတုပေါင်း ၄၄၆၄၄၄ ဆူရှိကြောင်း မှတ်တမ်းများ အရ သိရသည်။

ထို့ပြင် ကျောက်တောင် နံရံများ ပေါ်တွင် ကျောက်သား များကို ပကတိ သဘာဝအတိုင်း ထွင်းထု ထားသည့် ကျောက်ပန်း၊ ကျောက်နွယ် များနှင့် ကျောက် မဏ္ဍပ်ကြီး များမှာ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များကို အထူး ဆွဲဆောင် နိုင်သည့် မြန်မာ့ ရှေးဟောင်း ကျောက်ဆစ် အနုလက်ရာများ ဖြစ်သည်။

ကမ္ဘာ့နိုင်ငံ များရှိ ကျောက်ဆစ် လက်ရာများနှင့် ပတ်သက်၍ ဖိုလ်ဝင်တောင် ဒေသရှိ ကျောက်ဆစ် လက်ရာများမှာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ ကျောက်ဆစ် လက်ရာနှင့် ဟန်အသွင် အယူအဆများ တူညီလျက် ရှိသည့်အတွက် နိုင်ငံခြားသား ခရီးသွား ဧည့်သည် များက အထူး စိတ်ဝင်တစား ရှိကာ နေ့အပူရှိန် လွန်ကဲ နေသည့်ကြားမှ လာရောက် လည်ပတ်၍ လေ့လာ နေခြင်း ဖြစ်ကြောင်း သိရသည်။ (၁၅၄)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger