www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 19, 2015

သဏ္ဍာန်ပြောင်းလဲခြင်း ရောဂါအသစ် ကူးစက်ပြန့်ပွား နေသဖြင့် သရက်စိုက် တောင်သူများ ဖြေရှင်းရန် အခက်တွေ့



ပင်းတယ ၊ ၁၉-၅-၂၀၁၅

ရှမ်းပြည်နယ်ရှိ တောင်ကြီး၊ ရပ်စောက်၊ ပင်းတယ နှင့် ဆီဆိုင်မြို့နယ် တို့မှ သရက်စိုက်ခင်း အချို့၌ ကျယ်ကျယ် ပြန့်ပြန့်ဖြစ်ပွား လာသည့် သရက် သဏ္ဌာန်ပြောင်း ရောဂါမှာ ကူးစက်မှု လျင်မြန်လျက် ရှိသဖြင့် နှိမ်နှင်းရန် အတွက် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း၊ အရပ်အခေါ် သရက်ပင်မှ သန္ဓေ မအောင်သည့် အဖိုပွင့်ရောဂါ ဟု လည်းကောင်း၊ ဟော်မုန်း လွန်ကဲခြင်း ဟု လည်ကောင်း အမျိုးမျိုး ခေါ်ဆိုလျက် ရှိကာ သရက်စိုက် တောင်သူများ စိုးရိမ်ရသည့် အခြေအနေ တစ်ရပ်သို့ ရောက်နေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ သရက် သဏ္ဌာန်ပြောင်း ရောဂါ (ပုံ)ကို Mango Malformation Disease (MMD) ဟု ခေါ်တွင်၍ ဖြူဆာရီယမ်မှိုင်္ Fusarium Fungus တစ်မျိုးမှ စတင်ကာ ပျိုးပင်ပေါက်နှင့် အပင်ငယ်များ တွင် Vegetative Shoots Malformation ကူးစက်ရောဂါ အဖြစ် တွေ့ရှိနိုင်ပြီး အသီးထွက်ချိန် ကာလ၌ ဖြစ်ပွားလေ့ ရှိသည့် Floral Malformation ဟူ၍ နှစ်မျိုးနှစ်စား ရှိကြောင်း၊ နှိမ်နှင်းရန် အလွန်ခက်ခဲ၍ ရောဂါ သယ်ဆောင်သူ အဖြစ် အိပ်စ်ဇိုင်ဖီး မန်ဂျီဖေ့ရ် Exiophyes Mangifcrae (ခေါ်) အလွန် သေးငယ်သည့် မွှား (Mite) အင်းဆက်ပိုး တစ်မျိုးမှ တစ်ဆင့် ကူးစက်ပြန့်ပွား ကြောင်း သိရသည်။

ပျိုးပင်နှင့် အပင်ငယ်စဉ် ကျရောက် ခဲ့ပါက အပင်ကြီးထွားမှု ယုတ်လျော့ခြင်း၊ အသီးရှိစဉ် ဖြစ်ပွားပါက အသီးထွက်နှုန်း ကိုများစွာ ထိခိုက် စေကြောင်း တွေ့ရသည်။ ကာကွယ် နှိမ်နင်းရန် နည်းမှာ ရောဂါကင်း ပျိုးခင်းမှ ပျိုးပင်ကိုသာ ဝယ်ယူ စိုက်ပျိုးခြင်း၊ ရောဂါကျ အစိတ်အပိုင်းကို ဖယ်ရှားပေးခြင်း နှင့် အဆိုပါ လုပ်ငန်း ဆောင်ရွက်မှုကို အနည်းဆုံး နှစ်နှစ်မှ သုံးနှစ်အထိ ပြုလုပ်ပေးရန် လိုအပ်ပြီး ဓာတုဗေဒ ပိုးသတ်ဆေး၊ မှိုသတ်ဆေး များဖြင့် နှိမ်နင်းနိုင်ခြင်း မရှိဟု သိရသည်။

နောက်ဆုံးေ တွေ့ရှိချက် အရ အပင်ကြီးထွားမှု ညှိဆေးများ ဖြစ်သည့် PGR တစ်မျိုးမျိုးနှင့် ဖီနောလစ် ကွန်ပေါင်း Phenolic Componds ကို ရောစပ် ပက်ဖျန်း၍ ဖြစ်စေ ၊ အောက်တိုဘာလ ပထမ အပတ်တွင်း နက်ဖ်သလင်း အက်ဆီတစ် အက်စစ် NAA ၁၀၀ ပီပီအမ် မှ ၂ဝဝ ပီပီအမ် ပြင်းအားကို ဖြစ်စေ ရောဂါပိုမို ပြန့်ပွားမှု မရှိရန် ကြိုတင် ကာကွယ် ပက်ဖျန်းနိုင်ကြောင်း သရက် စိုက်ပျိုးရေး ပညာရှင် တစ်ဦးက ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger