www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 20, 2015

တပ်မတော်အနေဖြင့် မည်သည့် အခြေအနေမျိုးတွင် မဆို နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး တို့ကို အဓိကထား ဆောင်ရွက်သွားမည်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားဆက်ဆံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး H.E.Mr. Chen Fengxiang အား လက်ခံ တွေ့ဆုံစဉ်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားဆက်ဆံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး H.E.Mr. Chen Fengxiang အား ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်


နေပြည်တော် ၊ ၂၀-၅-၂၀၁၅

တပ်မတော်နှင့် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များသည် သမိုင်းကြောင်း အရ ခွဲခြား၍ မရပါကြောင်း၊ တပ်မတော် အနေဖြင့် တိုင်းပြည် တည်ငြိမ် အေးချမ်းအောင်၊ တိုးတက်အောင် လုပ်ဆောင် နေခြင်းမှာလည်း သမိုင်းကြောင်း နှင့်ယှဉ်တွဲ ပါလာသည့် အခြေအနေ ဖြစ်ပါကြောင်း၊ တပ်မတော်သည် တိုင်းပြည် လွတ်လပ်ရေး ရရှိအောင် ကြိုးပမ်း ဆောင်ရွက်ခဲ့ ပါကြောင်း၊ လွတ်လပ်ရေး ရပြီး နောက်တွင် လည်း ပြည်တွင်း သောင်းကျန်းမှု ပြဿနာ များကို ထိန်းသိမ်း ဖြေရှင်း၍ လက်ရှိ အခြေအနေ ရောက်ရှိ အောင် တပ်မတော်ကပင် ကြိုးပမ်း ဆောင်ရွက်ခဲ့ရ ပါကြောင်း၊ သို့ဖြစ်၍ လက်ရှိ အခြေအနေအား ပြောင်းလဲ မသွားစေရန် နှင့် ယခုထက် ပိုမိုကောင်းမွန် တိုးတက်စေလို ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တရုတ် ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ နိုင်ငံခြား ဆက်ဆံရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး H.E.Mr. Chen Fengxiang အား ဇေယျာသီရိ ဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ ရာ၌ ထည့်သွင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ နိုင်ငံခြား ဆက်ဆံရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး H.E.Mr. Chen Fengxiang နှင့် တာဝန်ရှိ သူများ တက်ရောက် ကြသည်။

ယင်းသို့ တွေ့ဆုံရာတွင် ဧည့်သည်တော် ဒုတိယ ၀န်ကြီးက တရုတ်- မြန်မာ နှစ်နိုင်ငံ ပြည်သူ လူထုများ အကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည် ရင်းနှီးမှု ခိုင်မာစွာ တည်ရှိ ပါကြောင်း၊ ယင်း ချစ်ကြည် ရင်းနှီးမှုကို  ယခုထက် ပိုမို တိုးတက်စေရန် မြန်မာ့ တပ်မတော် အနေဖြင့် ၀ိုင်းဝန်းအားဖြည့် လုပ်ဆောင် ပေးစေလို ပါကြောင်း၊ ပြည်ထောင်စု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ကိစ္စရပ်များ သာမက မြန်မာ့နိုင်ငံရေး ဖြစ်စဉ်တိုင်းတွင် တပ်မတော်သည် လွန်စွာ အင်အား တောင့်တင်း ခိုင်မာသည့် အဖွဲ့အစည်း အဖြစ် ပါဝင်ခဲ့ ပါကြောင်း၊ မိမိတို့ တပ်မတော် နှစ်ရပ်အကြား လက်ရှိပူးပေါင်း ဆောင်ရွက်မှု အရှိန်အဟုန် မြင့်မားသည် ကိုလည်း သိရှိပါကြောင်း၊ တပ်မတော်ချင်း ဆက်ဆံရေး  ကောင်းမွန်ခြင်း သည် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုကို ပိုမိုခိုင်မာ စေနိုင်သဖြင့် ကဏ္ဍပေါင်းစုံ တွင် ပူးပေါင်းေ ဆာင်ရွက်မှုများ ပိုမိုမြှင့်တင် စေလိုပါကြောင်း၊ မိမိတို့ ယခု ခရီးစဉ်သည် ပါတီ အချင်းချင်း ထိတွေ့ ဆက်ဆံခြင်းဖြင့် အပြန်အလှန် ယုံကြည်မှု တိုးမြှင့် တည်ဆောက်ရန် နှင့် မြန်မာနိုင်ငံ အတွက် လွန်စွာ အရေးကြီးသည့် ရွေးကောက်ပွဲ အကြို ကာလတွင် တပ်မတော်နှင့် အစိုးရ အပါအ၀င် အဖွဲ့အစည်း အသီးသီးတို့၏ အခြေအနေ များကို သိရှိလေ့လာ လို၍ ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တရုတ်နိုင်ငံ အနေဖြင့် ဆက်ဆံရေး နှစ်ပေါင်းများစွာ ရှည်ကြာသည့် အိမ်နီးချင်းကောင်း ၊ မိတ်ဆွေကောင်း နိုင်ငံ ဖြစ်သည် သာမက မဟာဗျူဟာ မိတ်ဖက်နိုင်ငံ လည်း ဖြစ်ပါကြောင်း ၊ ကီလိုမီတာ ၂၀၀၀ ကျော် နယ်နိမိတ် ထိစပ်နေပြီး နယ်စပ်ဒေသ နှစ်ဘက်လုံးတွင် တူညီသော တိုင်းရင်းသား နေထိုင်မှုများ အပေါ် အခြေခံ၍ တွေ့ကြုံ လာနိုင်သည့် နယ်စပ်ဒေသ အခက်အခဲများကို ကျော်လွှား နိုင်မည်ဟု ယုံကြည် ပါကြောင်း၊ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးနှင့် အမျိုးသား နိုင်ငံရေး တာဝန်များကို ထမ်းဆောင် နေပါကြောင်း၊ ဒို့တာဝန် အရေးသုံးပါး သည် ဦးစားပေး တာဝန်ဖြစ် သကဲ့သို့ တပ်မတော် အနေဖြင့် မည်သည့် အခြေအနေမျိုး တွင်မဆို နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး တို့ကို အဓိကထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ထိန်းသိမ်း ဆောင်ရွက်ရန် မှာလည်း တပ်မတော် ၏  ကြီးမားသော တာဝန်တစ်ရပ် ဖြစ်ကြောင်း၊ မိမိနိုင်ငံ ကိုလိုနီဘ၀ ရောက်စဉ် နယ်ချဲ့တို့၏ သွေးခွဲ အုပ်ချုပ်မှုကြောင့် တိုင်းရင်းသားများ အကြား အထင်အမြင် လွဲမှားမှုများ ဖြစ်ခဲ့ရပြီး ယင်းမှ အခြေခံ ဖြစ်ပေါ်လာသည့် တိုင်းရင်းသား လက်နက်ကိုင် ပြဿနာများ မှာလည်း ယနေ့တိုင် ဖြေရှင်း နေရဆဲပင် ဖြစ်ကြောင်း၊ နိုင်ငံတော် တိုးတက် ကောင်းမွန်အောင် လုပ်ဆောင်ရန်မှာ တပ်မတော်၏ အဓိက တာဝန်ပင် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ရွေးကောက်ပွဲ အကြိုကာလ အခြေအနေ များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားရာတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သည် လူမှုရေး အသင်းအဖွဲ့မှ နိုင်ငံရေးပါတီ အဖြစ် ကူးပြောင်းခဲ့ခြင်း ဖြစ်ကြောင်း၊ လူမှုရေး အသင်းအဖွဲ့ အဖြစ် စတင် ဖွဲ့စည်းစဉ်က တပ်မတော် ကပင် အမာခံ ဆောင်ရွက် ပေးခဲ့ရခြင်း ဖြစ်၍ ယင်း အသင်းအဖွဲ့၏ အခြေခံ သဘောထားမှာ တပ်မတော်နှင့် တူညီကြောင်း၊ ယနေ့ အချိန်ခါတွင် တပ်မတော် သည်  အမျိုးသား နိုင်ငံရေးကို ဆောင်ရွက် နေခြင်းဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် အမျိုးသား နိုင်ငံရေးကို အခြေခံသည့် ပါတီနိုင်ငံရေး ကို ဆောင်ရွက် နေပါကြောင်း၊ အမျိုးသား နိုင်ငံရေးကို ဦးတည် လုပ်ဆောင်သည့် အခြေခံချင်းလည်း တူညီ သောကြောင့် ဆက်ဆံရေး ကောင်းမွန်သည်ဟု ဆိုနိုင်ပါကြောင်း ၊ သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရမှာလည်း ရွေးချယ် ပြုပြင်ပြောင်းလဲ ပေးခဲ့သည့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ဦးဆောင် လျှောက်လှမ်း နေခြင်းဖြစ်၍ တည်ငြိမ်မှု ရှိရန်၊ ခိုင်မာရန် လိုအပ်ကြောင်း၊ လက်ရှိအစိုးရ လုပ်ဆောင်နေသည့် တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကိစ္စရပ်များတွင် တပ်မတော်မှ ထောက်ခံ အားပေးပြီး ပါဝင်ကူညီ ဆောင်ရွက်လျက် ရှိကြောင်း ၊ အရာရာ တိုင်းတွင် ထပ်တူထပ်မျှ တူညီမှု မရှိနိုင် သော်လည်း တိုင်းပြည် ကောင်းစေလိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ကိုင်သည် များကို တပ်မတော် အနေဖြင့် ထောက်ခံ သွားမည် ဖြစ်ကြောင်း၊ သမ္မတသည် နိုင်ငံတော်၏ အကြီးအကဲ ဖြစ်ပြီး နိုင်ငံတော်နှင့် ပတ်သက်သည် များကို ဆုံးဖြတ်ချက် ချမှတ် ပါကြောင်း၊ အချို့ပါတီ အနေဖြင့် အစိုးရအပေါ် အယူအဆ မတူညီပါက ဆန့်ကျင်ဘက် အမြင်ဖြင့် လုပ်ဆောင်နေ ပါကြောင်း၊ ပါတီစုံ ဒီမိုကရေစီခေတ် ဖြစ်၍ မိမိ၏ အယူအဆကို ဖော်ထုတ် နိုင်သော်လည်း ဥပဒေနှင့် အညီ လုပ်ဆောင်ရန် လိုပါကြောင်း ၊ ဥပဒေကျော်လွန် လုပ်ဆောင်ပါက ထိပ်တိုက် ရင်ဆိုင်မှုများ ဖြစ်နိုင် ပါကြောင်း၊ တပ်မတော် အနေဖြင့် တည်ငြိမ် အေးချမ်းရေး၊ စည်းလုံး ညီညွတ်ရေး ကိစ္စရပ်များကို ဦးစားပေး ဆောင်ရွက်ရာတွင် အချို့နေရာ များ၌ သဘောထား ကွဲလွဲမှုများ ရှိကြောင်း၊ မိမိနိုင်ငံတွင် ၁၉၆၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်မတိုင်မီအထိ ဗဟို ဦးဆောင်မှု စနစ်ဖြင့် သွားခဲ့ခြင်း ကြောင့် ပုဂ္ဂိုလ်ရေး အရ နစ်နာမှု၊ စီးပွားရေး အရနစ်နာမှု ၊ နိုင်ငံရေး သဘောထား ကွဲမှုကြောင့် နစ်နာမှု စသည့် ခံစားချက် ရှိသူများ ကို  စည်းရုံး လုပ်ဆောင်မှု များလည်း တွေ့ရှိရကြောင်း၊ မိမိတို့အားလုံး လုပ်ဖော်ကိုင်ဖက် အနေဖြင့် ကိုယ့်လုပ်ငန်း ကိုယ် လုပ်ဆောင် နေကြကြောင်း၊ ကောင်းမွန်သည့် အတွေ့အကြုံ များကို တိုင်းပြည်အတွက် အသုံးချနိုင်ပါက အကျိုးရှိနိုင်မည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး ဧည့်သည်တော် ဒုတိယ၀န်ကြီး က မြန်မာပြည် မြောက်ပိုင်း ကိစ္စရပ်များ အတွက် စိတ်ပူပန်မှု ရှိပါကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး ကို ထောက်ခံ ပါကြောင်း၊ ငြိမ်းချမ်းသော နည်းလမ်းဖြင့် အပစ်အခတ် ရပ်စဲရေးကို မျှော်လင့် ပါကြောင်း၊ ယူနန်ပြည်နယ် အစိုးရ အနေဖြင့်လည်း မြန်မာ ဒုက္ခသည် များကို နေရာချထား ပေးရပါကြောင်း၊ မြန်မာပြည် မြောက်ပိုင်းနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရန် အမျှော်လင့်ဆုံး ဖြစ်ပါကြောင်း ပြောကြားရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတစ်ခုတွင် တည်ငြိမ် အေးချမ်းမှု အရေးကြီး ပါကြောင်း၊ တည်ငြိမ် အေးချမ်းမှု ပျက်ပြားပါက ဖွံ့ဖြိုး တိုးတက်မှုကို ထိခိုက်စေ ပါကြောင်း၊ ဥပဒေနှင့်အညီ အစိုးရ ဖွဲ့စည်းထားသည့် အချုပ်အခြာ အာဏာပိုင် နိုင်ငံဖြစ်၍ အစိုးရကို လက်နက်စွဲကိုင်ပြီး ဆန့်ကျင်ခြင်းကို လက်ခံ၍ မရပါကြောင်း၊ အဓိကအားဖြင့် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ရန် လိုကြောင်း ၊ မဟာ ဗျူဟာမိတ်ဖက် နိုင်ငံ အနေဖြင့်လည်း နှစ်နိုင်ငံ ဆက်ဆံရေးကို ရှေးရှု၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ လက်နက်ကိုင် လမ်းစဉ် စွန့်လွှတ်ရေး အတွက် တစ်ဖက်တစ်လမ်း မှ ကူညီစေလို ပါကြောင်းဖြင့် ဖြည့်စွက် ပြောကြား ခဲ့သည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြား ဆက်ဆံရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး H.E.Mr. Chen Fengxiang တို့သည် အဖွဲ့ဝင်များနှင့် အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြ ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger