www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 18, 2015

လာမည့်ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူ ၁၆၀ ကျော်ကို ပညာသင်ဆု ပေးအပ်ချီးမြှင့်မည်


ရန်ကုန် ၊ ၁၈-၅-၂၀၁၅

၂ဝ၁၅-၂ဝ၁၆ ပညာသင် နှစ်တွင် နိုင်ငံ တစ်ဝန်းရှိ အခြေခံပညာ ကျောင်းများမှ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူ ၁၆၇ ဦးကို စိစစ် ရွေးချယ်ကာ နိုင်ငံတော်မှ ပညာသင်ဆုများ ပေးအပ်ချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံ တစ်ဝန်းလုံးရှိ အခြေခံပညာ ကျောင်းများ၌ တက်ရောက် နေကြသူများ ထဲမှ အထက်တန်း ကျောင်းသား၊ ကျောင်းသူ ၄၆ ဦးနှင့် အလယ်တန်း ကျောင်းသား၊ ကျောင်းသူ ၁၂၁ ဦး စုစုပေါင်း ၁၆၇ ဦးကို သက်ဆိုင်ရာ မှ စိစစ် ရွေးချယ်ကာ ပညာသင်ဆုများ ချီးမြှင့်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

အဆိုပါ ပညာသင်ဆုများ ချီးမြှင့်မည့် ကလေးများ ထဲတွင် ပညာ ထူးချွန်သော ကျောင်းသား၊ ကျောင်းသူများ၊ ဆင်းရဲသဖြင့် ကျောင်းတက် ပညာ သင်ယူရန် အခက်အခဲ ရှိနေသော ကလေးငယ်များ ပါဝင်ပြီး ယင်းတို့အတွက် ပညာသင်စရိတ် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်၍ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် စီစဉ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာန (ရန်ကုန်)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အလယ်တန်း ပညာသင်ဆု ရရှိသူများကို တစ်လလျှင် ငွေကျပ် ၁၅ဝဝဝ နှင့် အထက်တန်း ပညာသင်ဆု ရရှိသူများကို တစ်လလျှင် ငွေကျပ် သုံးသောင်း လစဉ် ပေးအပ်ရန် စီစဉ် ထားကြောင်းနှင့် ထို ထောက်ပံ့ငွေ များကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်း ဆင်းရဲသော ကျောင်းသား၊ ကျောင်းသူများ အတွက် အသုံးပြုရန် လျာထားသော ဘတ်ဂျက်ငွေ ထဲမှ ပေးအပ်သွားရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း ၄င်းက ပြောသည်။

ပညာရေး ဝန်ကြီးဌာန အနေဖြင့် လာမည့် ပညာသင်နှစ်တွင် ပညာသင် ထောက်ပံ့ကြေးများ၊ အခမဲ့ ပညာရေး စနစ်များ အကောင် အထည်ဖော် ဆောင်ရွက်မည့် အပြင် ကျောင်းသား၊ ကျောင်းသူ အရေအတွက် အနည်းအများ အပေါ် မူတည်ကာ အခြေခံပညာ ကျောင်း တစ်ကျောင်းလျှင် ငွေကျပ် ရှစ်သိန်းမှ ၁၆ သိန်းအထိ ထောက်ပံ့ ပေးမည့် အစီအစဉ် ကိုလည်း ချမှတ်ရေးဆွဲ ထားပြီး ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger