www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, July 28, 2013

Mercedes-Benz မော်တော်ယာဉ် တရားဝင် ဖြန့်ချိခွင့်ပြု


ရန်ကုန် ၊ ၂၈-၇-၂၀၁၃


Automobile Alliance Co., Ltd နှင့် Cycle & Carriage Automobile Myanmar Co., Ltd တို့၏ တရားဝင် အသိအမှတ်ပြု အခမ်းအနား ကို ရန်ကုန်မြို့ ရှိ ဆီဒိုးနား ဟိုတယ်၌ ယမန်နေ့ ညနေ ၆ နာရီခွဲတွင် ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ က နိုင်ငံတော် အနေဖြင့် ခေတ်နှင့် လျှော်ညီသည့် နိုင်ငံရေး ၊ စီးပွားရေး ၊ အုပ်ချုပ်ရေး တို့ကို ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက် ခဲ့ကြောင်း ၊ ၄င်း ပြုပြင် ပြောင်းလဲမှု တွင် နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး နှင့် ပြည်သူများ ကြီးပွား တိုးတက်ရေး တို့ကို ရည်မှန်း၍ ဆောင်ရွက် ခဲ့ပါကြောင်း ၊ ကုန်သွယ်မှု လုပ်ငန်းများ ၊ ထုတ်လုပ်မှု လုပ်ငန်းများ နှင့် စက်မှုဇုန် လုပ်ငန်းများ သည် ရန်ကုန်တွင် အများဆုံး အခြေစိုက် လုပ်ကိုင် နေကြကြောင်း ၊ ရန်ကုန်တိုင်း ဒေသကြီး ၏ စီးပွားရေး GDP သည် တစ်နိုင်ငံလုံး စီးပွားရေး ၏ ၂၃ ရာခိုင်နှုန်း ပါဝင်မှု ရှိပါကြောင်း ၊ ထို့ကြောင့် တိုင်းဒေသကြီး အတွင်း စီးပွားရေး လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက် နေသော စီးပွားရေး လုပ်ငန်းရှင် များအား တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် အတတ်နိုင်ဆုံး ၀ိုင်းဝန်း အားပေး ကူညီ ဆောင်ရွက် နေပါကြောင်း ၊ စီးပွားရေး တိုးတက်လာမှု နှင့်အတူ လူနေမှု အဆင့်အတန်း မြင့်မားစွာ နေထိုင် လာနိုင်မည် ဖြစ်ရာ ထင်ရှား ကျော်ကြား အဆင့်အတန်း မြင့်မားသော Mercedes-Benz ကားများကို ၀ယ်ယူ သုံးစွဲနိုင်မည် ဖြစ်၍ ခေတ်နှင့် လျော်ညီစွာ မြို့တော် သန့်ရှင်း သာယာရေး အတွက် အဆင့်မြှင့်တင် နေမှုများ နှင့် ပဏာရ နေမည် ဖြစ်ကြောင်း ပြောကြားပြီး Mercedes-Benz E-Class မော်တော်ယာဉ် ကို ကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger