www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 5, 2015

၂၀၁၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အလွတ်တန်း ဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲ အတွက် ပြိုင်ပွဲဝင်စာမူများ ဖိတ်ခေါ်


နေပြည်တော် ၊ ၅-၅-၂၀၁၅

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနသည် ၂ဝ၁၅ ခုနှစ် ဇွန် ၅ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်တွင် ကျင်းပမည် ဖြစ်သည်။ ယခုနှစ် ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အတွက် ဆောင်ပုဒ်မှာ " Seven Billion Dreams. One Planet. Consume with Care. " ( လူသားသန်း ၇၀၀၀ ရဲ့ မျှော်မှန်းချက်တွေ ပြည့်ဝဖို့ တို့ကမ္ဘာကြီးကို ထိန်းသိမ်း စောင့်ရှောက်စို့ ) ဖြစ်ပြီး အဆိုပါ ခေါင်းစဉ်ဖြင့် အလွတ်တန်း ဆောင်းပါးနှင့် စာစီစာကုံး ပြိုင်ပွဲအား ကျင်းပသွားမည် ဖြစ်ရာ ပြိုင်ပွဲဝင် စာမူများ ဖိတ်ခေါ် ထားကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန မှ သိရသည်။

ဆောင်းပါးများကို A4 ဆိုဒ် စာမျက်နှာ အနည်းဆုံး ၁ဝ မျက်နှာမှ အများဆုံး ၁၅ မျက်နှာ အထိ လည်းကောင်း၊ စာစီစာကုံးများကို A4 ဆိုဒ် စာမျက်နှာ အနည်းဆုံး ၅ မျက်နှာမှ အများဆုံး ၇ မျက်နှာအထိ လည်းကောင်း၊ ကွန်ပျူတာ စာလုံး Win-Innwa သို့မဟုတ် Myanmar Unicode ( Myanmar 2 ) စာလုံး အရွယ်အစား -၁၈ (Font size 18) ၊ ကွန်ပျူတာ စာလုံး Myanmar Unicode ( Myanmar 3 ) စာလုံးအရွယ် အစား -၁၄ (Font size 14)၊ စာကြောင်း အကွာအဝေး ၁ ဒသမ ၅ (Line Spacing 1.5) ဖြင့် ကွန်ပျူတာ စာစီ၍ ရေးသားပေးပို့ရန် ဖြစ်သည်။

ပြိုင်ပွဲဝင် စာမူများ ပေးပို့ရာတွင် စာမူ (Hard Copy) တစ်စုံနှင့် CD ဖြင့် (Soft Copy) တစ်စုံ၊ ပြိုင်ပွဲဝင်သူ၏ အမည်၊ မှတ်ပုံတင်/ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ်၊ ဆက်သွယ်ရန် လိပ်စာ အပြည့်အစုံ တို့နှင့်အတူ လူကိုယ်တိုင် ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ရုံးအမှတ်- ၅၃၊ နေပြည်တော်၊ (တယ်လီဖုန်း အမှတ်၊ ဝ၆၇-၄၃၁၃၂၅၊ ဝ၆၇- ၄၃၁၃၂၁၊ ဝ၆၇- ၄၃၁၃၁၈၊ ဖက်စ်အမှတ်၊ ဝ၆၇- ၄၃၁၃၂၄၊ အီးမေးလ်- ppir.ecd@moecaf.gov.mm နှင့် pcd.ecd@moecaf.gov.mm) သို့ ၂ဝ၁၅ ခုနှစ်၊ မေ ၂၂ ရက် (သောကြာနေ့) နောက်ဆုံးထား၍ ဆက်သွယ် ပေးပို့နိုင်သည်။

ဆုရရှိသူများကို ၂ဝ၁၅ ခုနှစ် ဇွန် ၅ ရက်တွင် နေပြည်တော်၌ ကျင်းပမည့် ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ထိုက်တန်စွာ ဆုချီးမြှင့်မည် ဖြစ်ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger