www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 7, 2015

ITS စနစ် တပ်ဆင်ထားသော SRT 1 ယာဉ်လိုင်းကို ဧပြီလကုန်တွင် ပြေးဆွဲမည်


ရန်ကုန် ၊ ၇-၄-၂၀၁၅

CCTV ကင်မရာဖြင့် မော်တော်ယာဉ် စောင့်ကြည့်သည့် Intelligent Transportation System - ITS စနစ် တပ်ဆင်ထားသော SRT 1 ယာဉ်လိုင်းကို ဧပြီလကုန်တွင် ပြေးဆွဲသွားမည် ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

အဆိုပါ SRT 1 ယာဉ်လိုင်းကို ကုန်းလမ်း ပို့ဆောင်ရေးနှင့် စန်းရောင်နီ ကုမ္ပဏီတို့မှ ပူးပေါင်း ပြေးဆွဲခြင်း ဖြစ်သည်။

ထိုင်ဝမ်နိုင်ငံလုပ် ITS စနစ်တပ်ဆင်ရန် ကုန်ကျစရိတ်မှာ ကားတစ်စီးလျှင် ငွေကျပ် ၁ဝ သိန်းဖြစ်ပြီး လတ်တလောတွင် SRT 1 ယာဉ် ၁၆ စီးတွင် တပ်ဆင် ထားပြီးဖြစ်ကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ဝင်းအောင် က ပြောသည်။

ယာဉ်ပေါ်တွင် CCTV ကင်မရာ ခုနစ်လုံး တပ်ဆင်ပြီး ယာဉ်ပေါ်ရှိ ခရီးသည်များ နှင့် ယာဉ်အကူများ၊ ယာဉ်သွားရာ လမ်းကြောင်းနှင့် ယာဉ်ပေါ်ရှိ မသမာမှု များကိုလည်း စောင့်ကြည့် နိုင်မည် ဖြစ်သည်။ အဆိုပှါSRT 1 ယာဉ်လိုင်းသည် iPay သီးသန့်ယာဉ်လိုင်း ဖြစ်ပြီး ယင်း ယာဉ်လိုင်းကို ခရီးစဉ် တစ်ပိုင်းလျှင် ငွေကျပ် ၅ဝ နှုန်းဖြင့် ယာဉ်စီးခ သတ်မှတ် ထားခြင်း ဖြစ်ကြောင်းနှင့် ဗိုလ်တထောင်မှ အောင်မင်္ဂလာ အဝေးပြေး အထိ ယာဉ်အစီးရေ ၂၆ စီးဖြင့် စတင် ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

မင်းမင်း

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger