www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 20, 2015

၂၀၁၅ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်၌ လူ ၁၆ ဦးသေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရ


ရန်ကုန် ၊ ၂၀-၄-၂၀၁၅

မြန်မာ နှစ်သစ်ကူး ၂ဝ၁၅ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ကို နိုင်ငံ တစ်ဝန်းလုံး၌ မိမိတို့၏ ရိုးရာဓလေ့နှင့် အညီ ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြရာ သင်္ကြန်ကာလ အတွင်း လူ ၁၆ ဦးသေဆုံး၍ ၃ဝဝ ကျော် ဒဏ်ရာ ရရှိကြောင်း သိရသည်။

မဟာသင်္ကြန် ရက်များအတွင်း အပျော်လွန်ကာ စည်းကမ်း လိုက်နာမှု အားနည်းသူ တချို့ကြောင့် ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ နေပြည်တော် အပါအဝင် မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ လူသတ်မှု နှစ်မှု၊ မုဒိမ်းမှု တစ်မှု၊ ယာဉ် မတော်တဆမှု ၄၃ မှု၊ ခိုက်ရန် ဖြစ်ပွားမှု ၄၆ မှု၊ တာဝန်ဝတ္တရား နှောင့်ယှက်မှု ခုနစ်မှု၊ မိန်းကလေး ကာယိနြေ္ဒ ပျက်ပြားမှု ငါးမှု၊ လက်နက် ကိုင်ဆောင်မှု ၁၁ မှု၊ ခိုးမှု၊ ခါးပိုက်နှိုက်မှု ၄၃ မှု၊ မူးယစ် ရမ်းကားမှု ခုနစ်မှု၊ တခြားအမှု လေးမှု၊ သေမှု သေခင်း ငါးမှု စုစုပေါင်း ၁၇၄ မှုဖြစ်ပွားခဲ့ပြီး ၁၆ ဦးသေဆုံးကာ ၃ဝဝ ကျော် ဒဏ်ရာရရှိ ခဲ့ကြောင်း မှတ်တမ်းများ အရ သိရသည်။

ယခင် သင်္ကြန်များ ဖြစ်သော ၂ဝ၁၁ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်တွင် ၁ဝ၅ မှု ဖြစ်ပွားပြီး ခြောက်ဦး သေဆုံးကာ ၁၄၉ ဦး ဒဏ်ရာရရှိ ခဲ့သည်။ ၂ဝ၁၂ ခုနှစ် မြန်မာ့ရိုးရာ သင်္ကြန်တွင် ၁၉၂ မှုဖြစ်ပွားခဲ့ပြီး ရှစ်ဦး သေဆုံးကာ ၁၆၆ ဦး ဒဏ်ရာ ရရှိခဲ့သည်။ ၂ဝ၁၃ ခုနှစ် မြန်မာ့ရိုးရာ သင်္ကြန်တွင် ၁၇၇ မှု ဖြစ်ပွားခဲ့ပြီး ၃၂ ဦးသေဆုံးကာ ၁၉ဝ ဦး ဒဏ်ရာ ရရှိခဲ့သည်။ ၂ဝ၁၄ ခုနှစ် မြန်မာ့ရိုးရာ သင်္ကြန် တွင်လည်း ၁၁၆ မှုဖြစ်ပွားခဲ့ပြီး ၁၃ ဦး သေဆုံးကာ ၁ဝ၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။

ယခုနှစ် မဟာသင်္ကြန် သည် ငါးနှစ်တာ ကာလအတွင်း သေဆုံးမှု ဒုတိယ အများဆုံး နှင့် ဒဏ်ရာရရှိမှု အများဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။

ယခုနှစ် သင်္ကြန်တွင် ခိုက်ရန် ဖြစ်ပွားမှု ၄၆ ကြိမ်မှာ ရန်ကုန်တိုင်း ဒေသကြီး၌ ရှစ်ကြိမ် ဖြစ်ပွားပြီး အကြိမ် အများဆုံး ဖြစ်၍ သင်္ကြန်၌ သေဆုံးသူ ၁၆ ဦးအနက် ယာဉ် မတော်တဆမှု များကြောင့် ကိုးဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဝန်းရံခ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger