www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 27, 2015

ရန်ကုန် - မန္တလေး အမြန်လမ်းရှိ အရေးပေါ် ဖုန်းနံပါတ်သို့ ခေါ်ဆိုရာတွင် အခက်အခဲများရှိနေသဖြင့် နည်းပညာပိုင်းဆိုင်ရာ မြှင့်တင်သွားမည်


ရန်ကုန် ၊ ၂၇-၄-၂၀၁၅

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် အရေးပေါ် အကူအညီ လိုအပ်ပါက ခေါ်ဆိုနိုင်ရန် ထားရှိသည့် Call centre ဖုန်းအမှတ် ၁၈၈ဝ သို့ ခေါ်ဆိုရာတွင် အခက်အခဲများ ရှိနေသောကြောင့် နည်းပညာပိုင်း ဆိုင်ရာ မြှင့်တင်မှုများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အမြန်လမ်း ထိန်းသိမ်း ပြုပြင်ရေး အဖွဲ့မှ သိရသည်။

'' Call Centre အစီအစဉ်ကို စလုပ်လိုက်တဲ့ အချိန်ကစပြီး အရင်ကထက် ပိုပြီး အရေးပေါ် အခြေအနေ တွေကို ကူညီပေး တာတွေ လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ Call Centre ဖုန်းနံပါတ်ကို ခေါ်ဆိုတဲ့ အခါမှာ များသောအားဖြင့် MPT ဖုန်းနဲ့ပဲ ခေါ်လို့ရတဲ့ အတွက် အနည်းငယ် အခက်အခဲ ရှိနေတာကို တွေ့ရတယ်။ ဒါကြောင့် တခြား အူရီဒူးတို့၊ တယ်လီနော တို့နဲ့လည်း ခေါ်လို့ရ နိုင်အောင် လိုအပ်တဲ့ ညှိနှိုင်း ဆောင်ရွက်မှုတွေ ပြုလုပ် နေပါတယ်'' ဟု အမြန်လမ်း ထိန်းသိမ်း ပြုပြင်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ညှိနှိုင်း ဆောင်ရွက်မှုများ ပြုလုပ်နေစဉ် ကာလအတွင်း အခက်အခဲရှိပါက Call Centre ဖုန်းအမှတ် ဝ၁ -၂၃၉၉၈၈ဝ သို့ ဆက်သွယ် ခေါ်ဆို နိုင်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်း အရေးပေါ် အခြေအနေကို ကူညီ ဆောင်ရွက် ပေးနိုင်ရေး အတွက် Call Centre ဝန်ဆောင်မှုကို Blue Ocean Operation Management Co., Ltd. နှင့် အမြန်လမ်း ထိန်းသိမ်း ပြုပြင်ရေး အဖွဲ့တို့ ပူးပေါင်း၍ ၂ဝ၁၄ ခုနှစ် ဇူလိုင် ၂၈ ရက်မှ စတင်ကာ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ Call Centre ဝန်ဆောင်မှု စတင်လုပ်ဆောင်ခဲ့သည့် အချိန်မှစ၍ မတ် ၃၁ ရက်အထိ ခေါ်ဆိုမှုပေါင်း ၁၉၃၉၆ ကြိမ်ခေါ် ဆိုမှုရှိခဲ့ပြီး လိုအပ်သည့် ကူညီ ဆောင်ရွက်မှု များကို အချိန်နှင့် တစ်ပြေးညီ ကူညီ ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း သိရသည်။

အခက်အခဲများနှင့် အဆင်မပြေမှု များရှိလျှင် အမြန်လမ်း ထိန်းသိမ်းရေး အဖွဲ့ ညွှန်ကြားရေးမှူး မြို့ပြ ရုံးဖုန်း-ဝ၉- ၂၅ဝ၉ဝ ၂ဝဝ၄၊ ဝ၉ - ၂၅ဝ၉ဝ ၂ဝဝ၅ နှင့် ဝ၉-၈၅၉ ၁၇၅၇ တို့သို့ ဆက်သွယ် နိုင်ကြောင်း အမြန်လမ်း ထိန်းသိမ်း ပြုပြင်ရေး အဖွဲ့မှ သတင်း ထုတ်ပြန်ချက် အရ သိရသည်။ 

နေခြည်

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger