www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 28, 2015

ကမ္ဘာ့နိုင်ငံများ စားသုံးမှုအဆင့် (၃)ရှိသော စိန်တလုံးသရက်သီး ကျွန်းလှမြို့နယ်တွင် တစ်တန်လျှင် ငွေကျပ် ၁၃ သိန်းထိ ဈေးနှုန်းမြင့်တက်လာ


ကျွန်းလှ ၊ ၂၈-၄-၂၀၁၅

စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ် ဒေသထွက် စိန်တလုံး သရက်သီးများကို ကမ္ဘာ့ နိုင်ငံများမှ မှာယူစားသုံးမှု များလာကြောင်း၊ ယခုနှစ် ရာသီပေါ် စိန်တလုံး သရက်သီး တစ်တန်လျှင် ငွေကျပ် ၁၃သိန်းထိ ဈေးနှုန်းများ မြင့်တက် လာခဲ့ကြောင်း လင်းရောင်ဝင်း စားသောက်ကုန် စိုက်ပျိုး ထုတ်လုပ်ရေး ကုမ္ပဏီ ပိုင်ရှင် ဒေါက်တာ လှမြင့် က ပြောပြသည်။

ပြည်တွင်းမှ စိုက်ပျိုး ထုတ်လုပ်သော စိန်တလုံး သရက်သီးများသည် ဓာတု ပိုးသတ်ဆေးများ ပါဝင်ခြင်းလုံးဝ မရှိစေရန် သရက်ခြံ လုပ်သားကြီးများက အထူးကြပ်မတ် စိုက်ပျိုး ထုတ်လုပ်ခြင်း ဖြစ်သည်။

ကျွန်းလှမြို့နယ်မှ ထွက်ရှိသော ဒေသထွက် စိန်တလုံး သရက်သီး များသည် တစ်နှစ်သား မျိုးရင်းများဖြစ်ပြီး၊ ၄င်းမျိုးရင်းကို မြေချပြီးနောက် သုံးနှစ်သား အရွယ်တွင် ပန်းစပြ သည်။ အဆိုပါ သရက်ပန်းများ ဖူးပွင့်ရန် တစ်လအလို ကာလတွင် သရက်ပင်များ ရေသွင်း လောင်းခြင်းကို ဖြတ်တောက်ခဲ့ပြီး သရက်သီး အကင်းထိုးချိန် သို့ရောက်မှ ရေများ ပြန်လည် သွင်းလောင်းခြင်း ကို ပြုလုပ်စေ ခဲ့သည်။ ထိုသို့ ပြုလုပ်ရခြင်း မှာ သရက်ပွင့်များ ပွင့်အားလိုက် စေပြီး ရွက်ညွန့်များ မထိုးစေရန်နှင့် သီးရင်း အညှာများ ပိုမိုခိုင်ခန့် စေရန်အတွက် ဖြစ်ကြောင်း စိန်တလုံးသရက် စိုက်ပျိုးရေး ပညာရှင် တစ်ဦးက ပြောပြသည်။

အရွယ်အစား လှပပြီး အနံ့၊ အရသာများ ကောင်းမွန်ကာ သီးထိုးပိုး ကင်းရှင်းပြီး ဓာတု ပိုးသတ်ဆေး ကင်းရှင်းသော ကျွန်းလှ ဒေသထွက် စိန်းတလုံး သရက်သီးများကို ပြည်ပ နိုင်ငံတို့သို့ အဝယ်ဒိုင်များမှ တစ်ဆင့် တင်ပို့ရောင်းချ ရာတွင် အရွယ်အစား လှပပြီး သီးလုံးချော များကို (AAA)ဆိုဒ်နှင့် (AA)ဆိုဒ်ဟု ခွဲခြား သတ်မှတ်ကာ တင်ပို့ ရောင်းချခြင်း ဖြစ်သည်။

ပြည်ပသို့ တင်ပို့ ရောင်းချသော သီးလုံး အရွယ်အစားထက် အနည်းငယ် သေးသော အသီးများကို (B) ဆိုဒ်နှင့် (C)ဆိုဒ်ဟု ဆိုကာ ခွဲခြား သတ်မှတ်ထားပြီး ပြည်တွင်း စားသုံးသူ ဈေးကွက်များသို့ တင်ပို့ ရောင်းချလျက် ရှိကြောင်း သိရသည်။

ပြည်တွင်းမှ စိုက်ပျိုး ထုတ်လုပ်သော သရက်သီး များသည် လွန်ခဲ့သော နှစ်အနည်းငယ် ခန့်မှစတင်၍ ပြည်ပ သစ်သီး အရောင်းဈေးကွက် များသို့ တင်ပို့ ရောင်းချခဲ့ရာ ကမ္ဘာ့နိုင်ငံ များက စားသုံးမှု များပြားလာပြီး စားသုံးမှု အဆင့် (၃) ထိ ရောက်ရှိ လာခဲ့သည်။ ထို့ကြောင့် ပြည်တွင်း စားသောက်ကုန် စိုက်ပျိုး ထုတ်လုပ်ရေး လုပ်ငန်းရှင်ကြီး များက စိန်တလုံး သရက်ကို အထူးစိုက်ပျိုး ထုတ်လုပ်လျက် ရှိကြောင်း သိရသည်။ (၁၅၄)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger