www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 22, 2015

၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှစ၍ မူလတန်း ကျောင်းသား ကျောင်းသူများကို ကျောင်းဝတ်စုံများ အခမဲ့ပံ့ပိုးပေးရေး အစည်းအဝေး ဧပြီ ၂၄ ရက်တွင် ကျင်းပမည်


ရန်ကုန် ၊ ၂၂-၄-၂၀၁၅

၂ဝ၁၅ - ၂ဝ၁၆ ပညာသင်နှစ် မှစ၍ မူလတန်း ကျောင်းသား၊ ကျောင်းသူများကို ကျောင်းဝတ်စုံများ အခမဲ့ ပံ့ပိုးပေးရေး၊ စတုတ္ထတန်း နှင့် အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူများ၏ ကုစားစာမေးပွဲ အစီအစဉ်များ၊ ပြဋ္ဌာန်းစာအုပ် ဖြန့်ဝေမှု အခြေအနေနှင့် ထူးချွန်ကျောင်းများ စီစဉ် ရွေးချယ်ခြင်း တို့ကို ဧပြီ ၂၄ ရက်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ပညာရေးမှူးများ တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာနမှ ကြေညာ ထားသည်။

ယခင် ကျောင်းလခကြေး နှင့် ပြဋ္ဌာန်း စာအုပ်များကို အခမဲ့ ပံ့ပိုးပေးရာမှ လာမည့် ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် မှစ၍ ကျောင်းဝတ်စုံ များကိုပါ ပံ့ပိုးပေးရန် စီစဉ်ခဲ့ခြင်း ဖြစ်ပြီး ဧပြီ ၂၄ ရက် အစည်းအဝေး တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူး များက တင်သွင်းသော ကျောင်းသား စာရင်းများ အလိုက် ကျောင်းဝတ်စုံ များကို ပံ့ပိုး ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပညာရေးဝန်ကြီး ဌာနမှ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် မူလတန်း ကျောင်းသားတိုင်း အတွက် ကျောင်းဝတ်စုံ တစ်စုံစီ ပံ့ပိုးပေးမည် ဖြစ်ပြီး ယခင်က မူလတန်းအဆင့် ကျောင်းသားတိုင်းကို ငွေကျပ် တစ်ထောင်စီ ပံ့ပိုးခြင်းကို လာမည့်နှစ်တွင် ပံ့ပိုးနိုင်ခြင်း မရှိကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန အနေဖြင့် ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်မှ စတင် အကောင်အထည် ဖော်ခဲ့သည့် အခမဲ့ မသင်မနေရ မူလတန်းနှင့် ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင် စတင်ခဲ့သည့် အလယ်တန်း အခမဲ့ ပညာရေး စနစ်ကို အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပြီး မူလတန်း အဆင့်ရှိသည့် အခြေခံပညာ ကျောင်းများအား ရန်ပုံငွေ ထောက်ပံ့ကြေး ပေးအပ်ခဲ့ သကဲ့သို့ လာမည့် ပညာသင်နှစ် တွင်လည်း အထက်တန်း အခမဲ့ ပညာရေး စနစ်ကို အကောင် အထည်ဖော် ဆောင်ရွက်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။(၄၄၇)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger