www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 22, 2015

မြန်မာနိုင်ငံတွင် မှတ်တမ်းမရှိသေးသော ဒီလုံး မျိုးနွယ်ဝင် ငှက်မျိုးစိတ်သစ်တစ်မျိုး ကိုတွေ့ရှိ


Malaysian Plover (Charadrius Peronii)

ဘုတ်ပြင်း ၊ ၂၂-၄-၂၀၁၅

တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် အက်ဒမန် ပင်လယ်ပြင် အတွင်းရှိ ကျွန်းတန်းရှည် (ခ) လန်ပိကျွန်း အမျိုးသား အဏ္ဏဝါဥယျာဉ် ၌ မြန်မာနိုင်ငံတွင် မှတ်တမ်း မရှိသေးသော ဒီလုံးမျိုးနွယ်ဝင် ငှက်မျိုးစိတ်သစ် တစ်မျိုးကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ဒီလုံးငှက် မျိုးနွယ်ဖြစ်သော Malaysian Plover (Charadrius Peronii) ငှက်မျိုးစိတ်သစ် ကို လန်ပိ အမျိုးသား ဥယျာဉ်တွင် ကိုးကောင် တွေ့ရှိ မှတ်တမ်းတင် နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ အတွက် မျိုးစိတ်သစ် တစ်ခုကို ပထမဆုံး မှတ်တမ်းတင် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS) မြန်မာ အစီအစဉ်မှ ငှက်ထိန်းသိမ်းရေး ပညာရှင် တစ်ဦးက ပြောသည်။

ငှက်ပညာရှင် များနှင့် ဝါသနာရှင် များက ၂ဝဝ၉ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အထိ ငါးနှစ်ကြာ လေ့လာ ထားချက်များကို စုပေါင်း၍ မှတ်တမ်း မတင်ရသေးသည့် မျိုးစိတ်သစ် ၂၆ မျိုးကိုလည်း ယခုနှစ် ဇန်နဝါရီလ က ထုတ်ပြန်ခဲ့ပြီး ထိုသို့ မှတ်တမ်း မတင်ရသေးသည့် မျိုးစိတ်သစ်များ တွေ့ရှိမှုကို တခြားနိုင်ငံ များရှိ ငှက်ထိန်းသိမ်းရေး အဖွဲ့အစည်းများ သိရှိနိုင်စေရန် အသေးစိတ် အချက်အလက် များကို စာတမ်းရေး၍ နိုင်ငံတကာ ညီလာခံ များတွင် တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger