www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 17, 2015

ခရမ်းလွန်ရောင်ခြည် ကျရောက်မှု တိုင်းတာစက်များ တပ်ဆင်မည်


ရန်ကုန် ၊ ၁၇-၃-၂၀၁၅

ခရမ်းလွန် ရောင်ခြည် ( Ultraviolet ) ကျရောက်မှု တိုင်းတာသည့် စက်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ မြို့နယ် ၁၄ မြို့နယ်၌ တပ်ဆင် သွားမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောသည်။

အဆိုပါ ခရမ်းလွန် ရောင်ခြည် ကျရောက်မှုကို တိုင်းတာသည့် စက်များ ဝယ်ယူရန် ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်သို့ ရန်ပုံငွေ တင်ပြတောင်းခံ ထားရာ ခွင့်ပြုချက် ရရှိထားကြောင်း၊ အဆိုပါစက် များကို ခရမ်းလွန် ရောင်ခြည် ကျရောက်မှု များသည့် မြို့များ၌ အဓိကထား တပ်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် ခရမ်းလွန် ရောင်ခြည် ကျရောက်မှု အညွှန်းကိန်း များကို တိုင်းတာနိုင်ခြင်း မရှိသေးဘဲ နိုင်ငံတကာ မိုးလေဝသဌာန များ၏ တိုင်းတာချက်များ ကိုသာ ရယူ နေရသည်။ ခရမ်းလွန် ရောင်ခြည် ကျရောက်မှု အညွှန်းကိန်း များတွင် အညွှန်းကိန်း ၄ မှ ၇ အထိသည် ပြင်းအား အသင့်အတင့်ရှိပြီး အညွှန်းကိန်း ပမာဏ ၈ ကို ကျော်လွန်ပါက ကျန်းမာရေး ဆိုင်ရာ ပြဿနာများ ဖြစ်ပေါ် နိုင်ကြောင်း သိရသည်။

ခရမ်းလွန် ရောင်ခြည် ကျရောက်မှု အပြင်းထန်ဆုံး အချိန်သည် နံနက် ၁၁ နာရီမှ မွန်းလွဲ ၂ နာရီအတွင်း ဖြစ်ခြင်းကြောင့် ယင်းအချိန်၌ နေပူထဲ သွားလာရန် မသင့်လျော်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ၏ ထုတ်ပြန်ချက် အရသိရသည်။

လက်ရှိတွင် ချင်းပြည်နယ် နှင့် ကချင်ပြည်နယ် တို့မှလွဲ၍ လူဦးရေ အထူထပ်ဆုံး ဖြစ်သည့် ရန်ကုန်တိုင်း ဒေသကြီးနှင့် ကျန်ဒေသများ၌ အပူချိန် သိသိသာသာ မြင့်တက်နေပြီး ခရမ်းလွန် ရောင်ခြည် ကျရောက်မှု မှာလည်း ညွှန်းကိန်း အဆင့် (၁၁) အထက် ဖြစ်သော လွန်ကဲအဆင့်သို့ ရောက်ရှိနေရာ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအတွင်း နေပူထဲ သွားလာမှု ရှောင်ကြဉ်ခြင်း၊ မလွှဲ မရှောင်သာ သွားလာရပါက ထီး၊ ဦးထုပ်နှင့် အရောင်ဖျော့ ၍ပါးသော ချည်ထည် ပွပွများ ဝတ်ဆင်ရန် လိုအပ်ကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger