www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, March 14, 2015

တရားမဝင် သတ္တုတူးဖော်ခြင်း လုပ်ငန်းများ များပြား နေသောကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးနေ


သတ္တုတူးဖော်ရေး လုပ်ငန်းခွင်တစ်ခု

ရန်ကုန် ၊ ၁၄-၃-၂ဝ၁၅

တရားမဝင် သတ္တုတူးဖော်ခြင်း လုပ်ငန်းများ များပြား နေသောကြောင့် သဘာဝ ပတ်ဝန်းကျင် အပေါ်တွင် ထိခိုက် ပျက်စီးမှုများ ရှိနေကြောင်း မြန်မာနိုင်ငံ သတ္တု လုပ်ငန်းရှင်များ အသင်းမှ အထွေထွေ အတွင်းရေးမှူး က ပြောသည်။

''သတ္တုကဏ္ဍမှာ တရားမဝင် သတ္တုတူးဖော် တာတွေ များနေတယ်။ တရားမဝင် သတ္တုတူးသူ တွေက တစ်နေရာမှာ တူးလို့မထွက်ရင် နောက် တစ်နေရာမှာ ထပ်တူးတယ်။ တွင်းဟောင်း တွေကို ပြန်မဖို့ဘူး။ သဘာဝ
ပတ်ဝန်းကျင်ကို ထိန်းသိမ်း ရကောင်း မှန်းလည်း မသိကြဘူး။ သဘာဝ ပတ်ဝန်းကျင် ဆိုးဆိုးရွားရွား ထိခိုက် လာမယ်ဆိုရင် တရားမဝင် သတ္တု တူးဖော်ခြင်းက ဆိုးကျိုး တွေကြောင့်ပဲ ဖြစ်ပါတယ်'' ဟု ၄င်းက ဆက်လက်ပြောသည်။

''သတ္တုတူးဖော်ရေး လုပ်ငန်းတွေကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီး တာပဲဖြစ်ဖြစ်၊ လူမှုဘဝ ထိခိုက်ပျက်စီး တာပဲဖြစ်ဖြစ် လုပ်ကွက်တွေကို သတ်မှတ်ချက် တွေနဲ့ ညီညွတ်မှု မရှိဘူး ဆိုရင် လုပ်ကွက် ပိတ်တာတို့၊ ပတ်ဝန်းကျင် အပေါ် ထိခိုက်မှု မရှိအောင် ပြန်လုပ်ခိုင်း တာတို့နဲ့ ပြစ်ဒဏ်ပေး ပါတယ်။ ဒေသခံတွေ အနေနဲ့ သတ္တုတွင်း ဝန်ကြီးဌာနကို လိပ်မူပြီး တိုင်ကြားဖို့ လိုပါတယ်'' ဟု သတ္တုတွင်း ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ကပြောသည်။

''နိုင်ငံတကာ မှာလည်း သတ္တုတူးရင် အနည်းနဲ့ အများကတော့ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်တာပါပဲ။ နည်းပညာ အရမ်းမြင့်လာ မှ မထိခိုက်အောင် လုပ်လို့ရမှာ။ အခုထိတော့ မရသေးဘူး။ ကျွန်တော်တို့က ထိခိုက်မှု အနည်းဆုံး ရှိအောင် လုပ်ရမှာပါ။ ဒီအတိုင်း စွန့်ပစ် ပစ္စည်းတွေက ထွက်လာမယ့် အာနိသင် တွေကို လျော့ကျ သွားအောင်လုပ်ပြီး ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် လုပ်လို့ရတယ်။ တရားမဝင် သတ္တုတူးသူ တွေကျတော့ အဲဒီလောက်ထိ မလုပ်ကြဘူး'' ဟု မြန်မာနိုင်ငံသတ္တု လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နိုင်ငံတော် အစိုးရနှင့် တရားဝင် စာချုပ် ချုပ်ဆိုထားသည့် ကုမ္ပဏီများ အားလုံးသည် စာချုပ်အတိုင်း စည်းမျဉ်းနှင့် ချုပ်ဆို ထားရသောကြောင့် နောက်ဆုံး သတ္တုတူးပြီး လျှင်လည်း သတ္တုတွင်းကို ပြန်လည် ပြုပြင်ပေးပြီး ပြန်ပိတ်ပေး ရကြောင်း၊ ထိုကဲ့သို့ မလုပ်သည့် ကုမ္ပဏီများကို အရေးယူ နိုင်ကြောင်း၊ မြန်မာနိုင်ငံ၌ တရားဝင် သတ္တု တူးဖော်ခြင်းနှင့် စမ်းသပ် ထုတ်ယူခြင်း များတွင် စုစုပေါင်း ကုမ္ပဏီ ၂ဝဝဝ ကျော်ရှိပြီး တရားမဝင် သတ္တု တူးဖော် နေသူများမှာ မရေတွက် နိုင်အောင်ပင် ရှိကြောင်း ၄င်းက ဆက်လက် ပြောသည်။

နေခြည်

#Themyawadydaily
#မြဝတီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger