www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 17, 2015

ဧရာဝတီလင်းပိုင် များကို မြစ်ရေကျချိန်တွင် အလွယ်တကူ ကြည့်ရှုနိုင်



မန္တလေး ၊ ၁၇-၃-၂၀၁၅

မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့၌ ဧရာဝတီမြစ်ရေ ကျချိန်တွင် လင်းပိုင် ကြည့်ရှုသူ နိုင်ငံခြားသားများ အနေဖြင့် ဧရာဝတီ လင်းပိုင်များကို အလွယ်တကူ ကြည့်ရှုနိုင်ကြောင်း မရမ်းခြံ ဆိပ်ကမ်း နိုင်ငံခြားသား aရယာဉ်အသင်း ဥက္ကဋ္ဌ ထံမှ သိရသည်။

ဧရာဝတီမြစ်ရေ ကျချိန်ဖြစ်သော ဇန်နဝါရီလမှ ဧပြီလအထိ လင်းပိုင်များကို အလွယ်တကူ ကြည့်ရှုနိုင် သော်လည်း မြစ်ရေတက်ချိန် ဖြစ်သော မတ်လမှ ဒီဇင်ဘာလ အထိ ကာလများတွင် လင်းပိုင်များကို အလွယ်တကူ ကြည့်ရှု၍ မရနိုင်ကြောင်း၊ မြစ်ရေနည်းချိန် ဖြစ်သော ဇန်နဝါရီလမှ ဧပြီလ တို့တွင်သာ မြစ်ကျဉ်းမှ ကျောက်မြောင်း အထိ လင်းပိုင် များကို နိုင်ငံခြားသား ခရီးသည်များ အလွယ်တကူ တွေ့နိုင်၍ လာရောက် ကြည့်ရှုလျက် ရှိကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလ အတွင်း လာရောက် ကြည့်ရှုသူ နိုင်ငံခြားသား ခရီးသည် ဦးရေ ၇ဝဝ ထိရှိပြီး၊ ဖေဖော်ဝါရီလ တွင် နိုင်ငံခြားသား ခရီးသည် ဦးရေ ၈ဝဝ ကျော်ထိ ပိုမိုများပြား လာကြောင်း၊ အများဆုံး လာရောက် ကြည့်ရှုသော နိုင်ငံခြားသား ခရီးသည်များမှာ အင်္ဂလန်၊ အမေရိကန်၊ ဂျပန်၊ ကိုရီးယား လူမျိုးတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဧရာဝတီလင်းပိုင် အများဆုံး တည်ရှိရာ မြစ်ကျဉ်းမှ ကျောက်မြောင်း တစ်လျှောက် လင်းပိုင်များကို ကြည့်ရှုပြီး ကျောက်မြောင်း အတွင်းရှိ အိုးလုပ်ငန်း လုပ်ကိုင် နေသူများကို သွားရောက် လေ့လာလျက် ရှိကြောင်း၊ ထိုမှတစ်ဆင့် မင်းကွန်းသို့ သွားရောက် လည်ပတ်လျက ရှိရာ မင်းကွန်းရှိ ရှေးမူမပျက် ထားရှိသော ဘုရား၊ စေတီပုထိုး များနှင့် မင်းကွန်း ခေါင်းလောင်းကြီး ကို သွားရောက် ဖူးမြော် လေ့လာလျက် ရှိပြီး မှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးလျက် ရှိကြောင်း ၄င်းမှ ဆက်လက် ပြောပြသည်။

ထိုသို့ နိုင်ငံခြားသား ခရီးသည်များ ဧရာဝတီမြစ် အတွင်းရှိ လင်းပိုင်များနှင့် ဧရာဝတီ မြစ်ဘေးရှိ ဘုရားစေတီ ပုထိုးများကို သွားရာက် လည်ပတ်ရာ၌ အဆင်ပြေစေရန် မရမ်းခြံ ဆိပ်ကမ်းမှ မော်တော် အသေး၊ အလတ်၊ အကြီး စုစုပေါင်း ၄၂ စီးဖြင့် ပို့ဆောင် ပေးလျက်ရှိပြီး မော်တော်စီးနင်းခ ကောက်ခံရာတွင် မန္တလေးမှ မင်းကွန်းသို့ နေ့ချင်းပြန် ခရီးစဉ် အတွက် တစ်ဦးလျှင် ငွေကျပ် ၅ဝဝဝ ရှိကြောင်း၊ မန္တလေး- ကျောက်မြောင်း- မင်းကွန်း သို့ တစ်ညအိပ် ခရီးစဉ်အတွက် မော်တော်စီးနင်းခ ငွေကျပ် ၁ဝဝဝဝ ရှိကြောင်း သိရသည်။

မြတ်ကိုထွန်း

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger