www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 17, 2015

မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် လာမည့်နှစ်တွင် ဖွင့်လှစ်မည်



ရန်ကုန် ၊ ၁၇-၃-၂ဝ၁၅

မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံ ပူးပေါင်း ဖွင့်လှစ်မည့် မြန်မာ သတင်း အချက်အလက် နည်းပညာ တက္ကသိုလ် (Myanmar Institute of Information Technology- MIIT) ကို လာမည့်နှစ်တွင် ဖွင့်လှစ်မည် ဖြစ်ရာ ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ တက်ရောက်နိုင်မည် ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ တက္ကသိုလ်တွင် ဘွဲ့ကြိုသင်တန်း နှင့် ဘွဲ့လွန်သင်တန်း နှစ်မျိုးအပြင် ပါရဂူသင်တန်း၊ ကာလတို သင်တန်းများ ကိုလည်း ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားပြီး ဘွဲ့ကြို သင်တန်း ငါးနှစ်အတွက် ကျောင်းသား၊ ကျောင်းသူ ၁ဝဝဝ၊ ဘွဲ့လွန်သင်တန်း နှစ်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူ ၁ဝဝ ၊ ပါရဂူ သင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ ၈ဝ နှင့် ကာလတို သင်တန်းများ အတွက် ကျောင်းသား၊ ကျောင်းသူ ၁၄ဝဝ စုစုပေါင်း ၂၅ဝဝ ကျော် ကို စတင်၍ လက်ခံသင်ကြား ပေးမည် ဖြစ်ကြောင်း သိရသည်။ 

မြန်မာသတင်း အချက်အလက် နည်းပညာ တက္ကသိုလ်ကို ဖွင့်လှစ်နိုင်ရန် ၂ဝ၁၁ ခုနှစ် အောက်တိုဘာလတွင် အိန္ဒိယနိုင်ငံနှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ခဲ့ပြီး အဆိုပါ တက္ကသိုလ်တွင် လိုအပ်သော ဓာတ်ခွဲခန်းသုံး ပစ္စည်းများ၊ သင်ထောက်ကူ ပစ္စည်းများ၊ ကျွမ်းကျင် ပညာရှင် များနှင့် ဆရာ၊ ဆရာမ များကို အိန္ဒိယနိုင်ငံမှ ပံ့ပိုးပေးမည် ဖြစ်ပြီး မြန်မာနိုင်ငံမှ မြေနေရာ၊ အခြေခံ အဆောက်အအုံ နှင့် ပြည်တွင်း လိုအပ်ချက် များကို ပံ့ပိုးရမည် ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမှ သိရသည်။

ထို့အပြင် တက္ကသိုလ်စတင် ဖွင့်လှစ်ရာတွင် အိန္ဒိယနိုင်ငံ ဘက်မှ တက္ကသိုလ်၏ တာဝန် ဝတ္တရားများနှင့် လုပ်ငန်းဆိုင်ရာ များကို ကနဦး ငါးနှစ် တာဝန်ယူ သွားမည်ဖြစ်ပြီး ပထမနှစ်တွင် အိန္ဒိယနိုင်ငံ ဘက်မှ ဆရာ၊ ဆရာမ ၉ဝ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံ ဘက်မှ ဆရာ၊ ဆရာမ ၁ဝ ရာခိုင်နှုန်းဖြင့် သင်ကြားပေးမည် ဖြစ်ကာ သင်ကြားရေး ကာလ ငါးနှစ်မြောက် တွင် အိန္ဒိယနိုင်ငံ ဆရာ၊ ဆရာမ ၂ဝ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံ ဘက်မှ ဆရာ၊ ဆရာမ ၈ဝ ရာခိုင်နှုန်းဖြင့် သင်ကြား သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်တွင် အဓိက လုပ်ငန်းဆိုင်ရာ များကို အကောင်အထည် ဖော် ဆောင်ရွက်ရန် Research Centre For e-Commerce and e-Governance, Centre For Communication, English and Soft Skill စသည်တို့ ဖွဲ့စည်း တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်

#Themyawadydaily
#မြဝတီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger