www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, March 8, 2015

ယခုနှစ် အာဆီယံကျောက်မျက် ရတနာလက်ရာပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင်မည်



ရန်ကုန် ၊ ၈-၃-၂၀၁၅

မြန်မာနိုင်ငံ အနေဖြင့် ယခုနှစ် အာဆီယံ ကျောက်မျက် ရတနာ လက်ရာပြိုင်ပွဲ Creative Jewellery ASEAN 2015 တွင် ဝင်ရောက် ယှဉ်ပြိုင်ရန် သက်ဆိုင်ရာမှ ဖိတ်ခေါ်ထားသည့် အတွက် အဆိုပါ ပြိုင်ပွဲတွင် ပြည်တွင်းမှ ကျောက်မျက် ရတနာ ဒီဇိုင်း လက်ရာများ ပါဝင် ယှဉ်ပြိုင်ရန် စီစဉ် ထားကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို အာဆီယံ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့် ရုံးများ ပူးပေါင်း ကျင်းပခြင်း ဖြစ်ပြီး ယခုနှစ်တွင် မြန်မာနိုင်ငံမှ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမှ တာဝန်ယူ၍ စိစစ်ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့စိစစ် ရွေးချယ်နိုင် စေရန် ပြိုင်ပွဲဝင် ဒီဇိုင်းလက်ရာ များကို မတ် ၉ ရက်မှ ဧပြီ ၂၄ ရက်အထိ နေပြည်တော်ရှိ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန အသိဉာဏ် ပစ္စည်းမူပိုင်ခွင့် ဌာနသို့ မည်သူမဆို ပေးပို့ပါဝင် ယှဉ်ပြိုင် နိုင်ကြောင်း သိရသည်။

ပေးပို့လာသော ပြိုင်ပွဲဝင် ကျောက်မျက် ရတနာ ဒီဇိုင်းလက်ရာ များကို သက်ဆိုင်ရာ တာဝန်ရှိ သူများနှင့် ကျွမ်းကျင် ပညာရှင်များက အကဲဖြတ် လေ့လာ၍ အကောင်းဆုံး ဒီဇိုင်းလက်ရာ ငါးခုကို စိစစ်ရွေးချယ် ပြီးနောက် Creative Jewellery ASEAN 2015 ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု လက်ရာများ အနေဖြင့် ပေးပို့ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံ ကိုယ်စားပြု အရွေးခံရသော ကျောက်မျက်ရတနာ ဒီဇိုင်းလက်ရာ များနှင့် ဆုရရှိသူများ စာရင်းကို ဧပြီ ၂၉ ရက်တွင် ထုတ်ပြန် ကြေညာ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Creative Jewellery ASEAN 2015 ပြိုင်ပွဲအတွက် အရွေးခံရသော ကျောက်မျက် ရတနာဒီဇိုင်း လက်ရာများကို ဖန်တီးသူ များသည် စက်တင်ဘာလ တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ၌ ကျင်းပမည့် 56th Bangkok Gems & Jewellery Fair သို့ တက်ရောက် ခွင့်ရရှိမည့်အပြင် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ John Hardy Company သို့ သွားရောက် လေ့လာခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger