www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 16, 2015

စိုက်ခင်းအတွင်း ကိုယ်တိုင်ဝင်ရောက် ခူးဆွတ်စေခြင်းသည် စတော်ဘယ်ရီ စိုက်ပျိုးသူများ၏ ၀န်ဆောင်မှုဈေးကွက် တစ်ခုဖြစ်လာ



ပြင်ဦးလွင် ၊ ၁၆-၃-၂၀၁၅

ပြင်ဦးလွင်မြို့ရှိ စတော်ဘယ်ရီ စိုက်ခင်းများတွင် ဝယ်ယူ စားသုံးသူများမှ စတော်ဘယ်ရီသီး များကို စိုက်ခင်းအတွင်း ကိုယ်တိုင် ဝင်ရောက်ခူးဆွတ် စေခြင်းသည် စတော်ဘယ်ရီ စိုက်ပျိုးသူ တောင်သူများ၏ ဝန်ဆောင်မှု ဈေးကွက်တစ်ခု ဖြစ်လာကြောင်း ပြင်ဦးလွင်မြို့ ဒီဇင်ဘာ စိုက်ပျိုး မွေးမြူရေးခြံ မှသိရသည်။

ယခုကဲ့သို့ မတ်လနှင့် ဧပြီလ များသည် စတော်ဘယ်ရီ ထွက်သောလများ ဖြစ်ပြီး အပူချိန် များသည့်အချိန် ဖြစ်သောကြောင့် အပင်မှ အသီးခူးပြီး ရောင်းချသော စတော်ဘယ်ရီ သီးများသည် ဈေးကွက်အတွင်း အချိန် ကြာမြင့်စွာ အထားခံခြင်း မရှိဘဲ လျင်မြန်စွာ ပုပ်သိုးနိုင်သည်။ စတော်ဘယ်ရီ ဈေးနှုန်းမှာလည်း တစ်ခြင်းလျှင် ငွေကျပ် ၁၅ဝ မှ ၂၅ဝ အတွင်းသာ ရှိသဖြင့် ဈေးကွက် အတွင်း ရောင်းမကုန် အောင် ပေါများသည်။

ထိုကဲ့သို့ ဈေးကွက်အတွင်း ရောင်းအားများပြီး ဈေးနည်း ချိန်တွင် စိုက်ပျိုးသူ များသည် စိုက်ခင်း အတွင်းသို့ ဝယ်ယူသူများ ကိုယ်တိုင် လာရောက် ခူးဆွတ် စေခြင်းဖြင့် ဈေးကွက်ရှာ၊ ဝန်ဆောင်မှု တစ်မျိုးပေးခြင်း အသွင်ဖြင့် လုပ်ကိုင်လျက် ရှိသည်။

''စတော်ဘယ်ရီ ဆိုတာကို တော်တော် များများက အသီးကိုပဲ သိကြပါတယ်။ အပင်ကို မမြင်ဖူး ကြပါဘူး။ ပြင်ဦးလွင်ကို အလည်လာတဲ့ တခြား ဒေသက ဧည့်သည် တွေက စတော်ဘယ်ရီ ပင်ကို မြင်ဖူးချင် ကြတယ်။ အသီးကို ကိုယ်တိုင် ခူးချင် ကြတယ်။ ကျွန်တော် စိုက်ခင်းထဲကို ကိုယ်တိုင်ခူး စနစ်နဲ့ ရောင်းချတာ ဈေးကွက်လဲ ရတယ်။ ရောင်းအားလဲ ကောင်းပါတယ်။ စားသုံးသူ တွေလဲ လတ်လတ် ဆတ်ဆတ် ဆိုတော့ နှစ်သက်ကြ ပါတယ်'' ဟု ဒီဇင်ဘာ စိုက်ပျိုးရေးခြံ ပိုင်ရှင်က ပြောပြသည်။

ပြင်ဦးလွင်ရှိ ဈေးဆိုင်များတွင် ခြင်းတစ်ခြင်း လျှင် ငွေကျပ်၂ဝဝ နှုန်းဖြင့် ရောင်းချ နေချိန်တွင် စိုက်ခင်းတွင်း ဝင်ရောက် ခူးဆွတ်ခြင်းက ခြင်း တစ်ခြင်းလျှင် ငွေကျပ် ၅ဝဝ နှုန်း ရောင်းချကြောင်း၊ ဈေးပိုမို များပြား သော်လည်း ဝယ်ယူသူများ နှစ်သက်ကြောင်း၊ တစ်နေ့လျှင် စတော်ဘယ်ရီ ရောင်းရငွေ အနည်းဆုံး ငွေကျပ် ၇ဝဝဝဝ မှ အများဆုံး ငွေကျပ် ၂ဝဝဝဝဝ ခန့်ထိ ရောင်းချ ရကြောင်း သိရသည်။

''စိုက်ခင်းထဲ ဝင်ရောက်ပြီး ခူးဆွတ်တာက အပင်တွေတော့ အနည်းငယ် ပျက်စီးမှု ရှိပါတယ်။ ကလေးတွေက ပန်းပွင့် တွေကိုပါ ခူးတော့ ပျက်စီးမှု အတွက် ဈေးပိုများများ ရတာနဲ့ ညီမျှပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger