www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 16, 2015

အလောင်းတော် ကဿပသို့ နွေရာသီ ကျောင်းပိတ်ရက်တွင် ဘုရားဖူးသွားရောက်သည့် ခရီးသည်များ များပြား



ယင်းမာပင် ၊ ၁၆-၃-၂၀၁၅

စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်ခရိုင် အလောင်းတော် ကဿပ စံကျောင်းတော်သို့ မြန်မာပြည် အရပ်ရပ်မှ ဘုရားဖူး သွားရောက်သည့် ခရီးသည်များ အထူး များပြားလျက် ရှိရာ နေ့စဉ် ကပိုင်ရွာတွင် ဝင်ရောက် ရပ်နားသည့် ကားများ (ပုံ) ရာချီရှိကြောင်း သိရသည်။

''အခုရက်ပိုင်း အလောင်းတော် ကဿပ ဘုရားဖူးကားတွေ များလာတဲ့အတွက် အလောင်းတော် ကဿပ အတက် - အဆင်း ကားသွားလာမှုကို ညနေ ၅ နာရီကနေ နံနက် ၅ နာရီထိ ပိတ်ထားတယ်။ လမ်းက မြေလမ်းဖြစ်ပြီး တောတွင်းလမ်း တွေက အတက်အဆင်း များတဲ့အတွက် အခုလို ကန့်သတ်ထားတာ ဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ အလောင်းတော် ကဿပ သွားကားတွေ အနေနဲ့ လူဦးရေ မတန်တဆ တင်လာတဲ့ ကားတွေ၊ အရက်၊ ထန်းရည် သောက်စားမူးယစ် မောင်းနှင် လာတဲ့ကား တွေကို စစ်ဆေးမှုတွေ စတင် နေပါတယ်'' ဟု အလောင်းတော် ကဿပမှ ဘုရားဂေါပက တစ်ဦးက ပြောပြသည်။

အလောင်းတော် ကဿပ စံကျောင်းတော် သည် ကလေးဝ- ယာကြီး- မုံရွာလမ်းမှ အတွင်းဘက်သို့ ဝင်ရောက် သွားရပြီး မြေလမ်း၊ သဲလမ်း၊ တောင်တက်၊ တောင်ဆင်း လမ်းများကို သွားလာရခြင်း ဖြစ်သည်။ မုံရွာမှ သွားလျှင် အလောင်းတော် ကဿပ လမ်းခွဲအထိ ၁၁ မိုင်မှာ ကတ္တရာလမ်း ဖြစ်ပြီး ညအိပ်ရပ်နား စခန်း ကပိုင်ရွာ ရောက်သည်ထိ သဲလမ်း၊ မြေလမ်း ဖြစ်သည်။ ကပိုင်ရွာ မှ အလောင်းတော် ကဿပ ထိ တောင်တက် တောင်ဆင်းလမ်း ဖြစ်သည်။ ကလေးဝ- ယာကြီး- မုံရွာ ကတ္တရာ လမ်းခွဲမှ အလောင်းတော် ကဿပအထိ မြေသားလမ်း မိုင် ၄ဝ ခန့်ရှိပြီး မုံရွာမှ ၅၂ မိုင် ဝေးကြောင်း သိရသည်။

မောင်ဖလမ်း

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger