www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 16, 2015

၂ဝ၁၄ ခုနှစ် နှစ်ကုန်အထိ အပ်နှံခဲ့သောယာဉ်များ အစားထိုးဝယ်ယူ တင်သွင်းခြင်း ရာခိုင်နှုန်းလျှော့ ချပေးမှု ၂ဝ၁၅ ခုနှစ် မတ်လကုန်အထိသာ အကျုံးဝင်မည်


နေပြည်တော် ၊ ၁၆-၃-၂ဝ၁၅

၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ အပ်နှံခဲ့သည့် ယာဉ်များသာ ရာခိုင်နှုန်း လျှော့ပေါ့ ပေးခြင်းတွင် အကျုံးဝင်မည် ဖြစ်ပြီး အစားထိုး ဝယ်ယူတင်သွင်း သူများသည် ၂ဝ၁၅ ခုနှစ် မတ် ၃၁ ရက် မတိုင်မီ ယာဉ်မှတ်ပုံတင် လုပ်ငန်း ဆောင်ရွက်မှသာ သတ်မှတ် ရာခိုင်နှုန်း လျှော့ပေါ့ခြင်းကို ရရှိမည် ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ပြည်သူများ မော်တော်ယာဉ် အသုံးပြုရာတွင် အဆင်ပြေစေရန် ၂ဝ၁၁ ခုနှစ် စက်တင်ဘာ ၉ ရက်မှစ၍ ယာဉ်အို ယာဉ်ဟောင်း အပ်နှံလျှင် အစားထိုးယာဉ် ဝယ်ယူ တင်သွင်းခြင်းကို ဆောင်ရွက်ပေးလျက် ရှိသည်။ ယာဉ်အို ယာဉ်ဟောင်းများ အဖြစ် အပ်နှံ ဆောင်ရွက် ရာတွင် မော်တော်ယာဉ် မှတ်ပုံတင်  သက်တမ်း၊ ထုတ်လုပ်သည့် ခုနှစ် များ၊ သတ်မှတ်ကာလ ကျော်လွန်သည့် ယာဉ်များသာ အပ်နှံခြင်း လက်ခံ ဆောင်ရွက် ပေးလျက် ရှိသည်။ အစားထိုး တင်သွင်း ယာဉ်များ မှတ်ပုံတင် ရာတွင် ပြည်ပ တင်သွင်းယာဉ် မှတ်ပုံတင်ခကို ရာခိုင်နှုန်းများ သတ်မှတ်၍ လျှော့ချပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက် ရာတွင် ''စ''အက္ခရာ မှ ''ပ''အက္ခရာအထိ အပ်နှံယာဉ် များအား ၄ဝ ရာခိုင်နှုန်း၊ ''ဗ''အက္ခရာမှ ''၂က'' အက္ခရာအထိ ယာဉ်များ၊ လေလံ ယာဉ်များအား ၆ဝ ရာခိုင်နှုန်း၊ ရာသက်ပန် Taxi ယာဉ်များအဖြစ် တင်သွင်းလျှင် ၈ဝ ရာခိုင်နှုန်း၊ ထုတ်လုပ်သည့် ခုနှစ်ပုံစံ၊ အနှစ်၂ဝ ကျော် မည်သည့် အက္ခရာမဆို ယာဉ်များ၊ စက်မှုဇုန်များမှ ထုတ်လုပ် ယာဉ်များ၊ သုံးဘီးယာဉ် (သုံးဘီးဆိုင်ကယ် မပါ) များ ၂ဝ ရာခိုင်နှုန်း၊ သုံးဘီးယာဉ် အပ်နှံပြီး သုံးဘီးယာဉ် တင်သွင်းလျှင် ၄ဝ ရာခိုင်နှုန်း၊ ယာဉ်တိုက်မှု၊ ယာဉ်တိမ်း မှောက်မှု၊ မီးလောင်မှု၊ သဘာဝ ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီး ယာဉ်များ အန္တရာယ် ကင်းရှင်းစွာ မောင်းနှင်နိုင်မှု မရှိတော့သဖြင့် အပ်နှံလျှင် ၁ဝ ရာခိုင်နှုန်း စသည်ဖြင့် အစားထိုး ဝယ်ယူ တင်သွင်းသည့် ယာဉ်၏ ပြည်ပ တင်သွင်းယာဉ် မှတ်ပုံတင်ခကို လျှော့ချ ပေးခဲ့သည်။

ထို့ကြောင့် ပြည်ပ တင်သွင်းယာဉ် မှတ်ပုံတင်ခအား ရာခိုင်နှုန်း အလိုက် လျှော့ပေါ့ ပေးခြင်းကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ဆောင်ရွက်သည့် ယာဉ်များကိုသာ လျှော့ပေါ့ပေးမည် ဖြစ်ပြီး အဆိုပါ ရက်အထိ အပ်နှံသည့် ယာဉ်ပိုင်ရှင်များ အစားထိုးယာဉ် ဝယ်ယူတင်သွင်း ရာတွင် နစ်နာမှု မရှိစေရန် ရာခိုင်နှုန်း လျှော့ပေါ့ခြင်း ကို ၂ဝ၁၅ ခုနှစ် မတ် ၃၁ ရက်အထိ စိစစ် ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း သိရသည်။ (၄ဝဝ)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger