www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 17, 2015

အရှေ့- အနောက် စီးပွားရေးစင်္ကြံ လမ်းမကြီး အနီးပတ်ဝန်းကျင် ဒေသများ၌ ခရီးသွားလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက် စေရန် ဆောင်ရွက်မည်


စက်စဲကမ်းခြေ

ရန်ကုန် ၊ ၁၇-၃-၂ဝ၁၅

မြန်မာ၊ ထိုင်း၊ လာအို နှင့် ဗီယက်နမ် နိုင်ငံတို့ကို ဖြတ်သန်း ဖောက်လုပ်လျက် ရှိသော အရှေ့ - အနောက် စီးပွားရေးစင်္ကြံ လမ်းမကြီး (East-West Economic Corridor - EWEC ) တစ်ခုလုံးကို အောင်မြင်စွာ ဖောက်လုပ်ပြီးစီး ချိန်တွင် အဆိုပါ လမ်းကြောင်း ဖြတ်သန်းရာ မြန်မာနိုင်ငံ အတွင်းရှိ ဒေသများ ဖြစ်သော ကရင်ပြည်နယ် နှင့် မွန်ပြည်နယ် တို့၌ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း များအပြင် တခြား ဆက်စပ် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရန် ကြိုးပမ်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုသို့ ပြည်တွင်းရှိ အရှေ့ - အနောက် စီးပွားရေးစင်္ကြံ လမ်းမကြီး အနီး ပတ်ဝန်းကျင် ဒေသများ၌ ခရီးသွား လုပ်ငန်းနှင့် တခြား ဆက်စပ်စီးပွားရေး လုပ်ငန်းများ ပိုမိုတိုးတက် လာစေရေး လုပ်ဆောင် ရာတွင် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန နှင့် အတူ အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) မှလည်း ပူးပေါင်းပါဝင် ကူညီကာ ဒေသခံ စီးပွားရေး လုပ်ငန်းများ စွမ်းဆောင်ရည် မြင့်မား လာစေရန်၊ လုပ်ငန်းများ တိုးချဲ့လုပ်ကိုင် နိုင်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်း အများအပြား ထပ်မံပေါ်ပေါက် လာစေရန် ရည်မှန်းချက် ထားပြီး စီမံကိန်းချ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို အကောင် အထည်ဖော် နိုင်စေရန် အာရှ ဖွံ့ဖြိုးရေးဘဏ် နှင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ တာဝန်ရှိ သူများသည် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့ရှိ ဒေသတချို့သို့ သွားရောက်ကာ ပြည်နယ် အစိုးရ အဖွဲ့ဝင်များ၊ ခရီးသွား လုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်း များကို လုပ်ကိုင် နေကြသော လုပ်ငန်းရှင်များ၊ တစ်နိုင်တစ်ပိုင် ကုန်ထုတ် လုပ်ငန်း လုပ်ကိုင်နေသူ များနှင့် တွေ့ဆုံ၍ ဆွေးနွေး ညှိနှိုင်းမှုများ လုပ်ဆောင် သွားမည် ဖြစ်သည်။ 

အရှေ့ - အနောက် စီးပွားရေးစင်္ကြံ လမ်းမကြီးမှ တစ်ဆင့် ထိုင်းနိုင်ငံ၌ ရောက်ရှိနေသော နိုင်ငံခြား ခရီးသွား ဧည့်သည်များ မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက် လာကာ ဘီလူးကျွန်း၊ ချောင်းဆုံ၊ ကျိုက္ခမီ ရေလယ်ဘုရား ၊ ကျိုက်မရော ၊ စက်စဲကမ်းခြေ (ပုံ) နှင့် သံဖြူဇရပ် စသည့်နေရာ များသို့ လာရောက် လည်ပတ်နိုင်ဖွယ် ရှိသည့်အတွက် ယင်းဒေသများ၌ ခရီးသွား လုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက် လာနိုင်ဖွယ် ရှိကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger