www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, March 29, 2015

ဟိုတယ်အခြေခံ ၀န်ဆောင်မှုသင်တန်း (အခမဲ့) ကို ဆွစ် နည်းပညာပူးပေါင်း ဆောင်ရွက်ရေး ဖောင်ဒေးရှင်း က သင်ကြားပေးမည်


ဆွစ်နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး ဖောင်ဒေးရှင်း ( Swisscontact )

ရန်ကုန် ၊ ၂၉-၃-၂၀၁၅

ဟိုတယ် အခြေခံ ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ သင်တန်းများကို ဆွစ်ဇာလန်နိုင်ငံ ဆွစ်နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး ဖောင်ဒေးရှင်း ( Swisscontact ) က လာမည့် ဧပြီလမှ စတင်၍ အခမဲ့သင်ကြား ပို့ချပေးမည် ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန သတင်းများအရ သိရသည်။

အဆိုပါ ဆွစ်ဇာလန် နိုင်ငံရှိ ဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းများ အတွက် အကူအညီများ ပေးလျက် ရှိရာတွင် အသက်မွေး ဝမ်းကျောင်း ကျွမ်းကျင်မှု၊ အတတ်ပညာ ဖွံ့ဖြိုးမှု အစီအစဉ်များ ပါဝင်သည်။ ထို့ကြောင့် မြန်မာ နိုင်ငံတွင် လူငယ်များ အနေဖြင့် ဟိုတယ်လုပ်ငန်း များနှင့် ပတ်သက်သည့် သင်တန်းများသို့ တက်ရောက် နိုင်ကြစေရန် အခမဲ့ သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

သင်တန်း ပို့ချခြင်းများကို ဟိုတယ် အများစု တည်ရှိသော မြို့ကြီးများ ဖြစ်သည့် ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော် စသည့် မြို့ကြီးများ တွင် ကနဦးရွေးချယ် ပြုလုပ်သင်ကြား ပေးသွားမည် ဖြစ်သည်။

ထို့ကြောင့် ဟိုတယ်လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ အခြေခံ ပညာရပ်များကို သင်ယူရန် လက်လှမ်း မမီနိုင်သော၊ အခွင့်အရေး မရနိုင်သော လူငယ်များ အတွက် အခွင့်အရေး ရရှိစေမည် ဖြစ်သည်။ အဆိုပါ အခမဲ့ သင်ကြားပို့ချ ပေးသွားမည့် အစီအစဉ်များတွင် ကနဦး သင်ကြား ပို့ချပေးမည့် သင်တန်းများမှာ စားသောက် ဝန်ဆောင်မှု သင်တန်း၊ အိပ်ဆောင် ထိန်းသိမ်းရေး သင်တန်း၊ နှင့် ခရီးဦးကြို သင်တန်းများ ဖြစ်သည်။

သင်တန်း ပြီးဆုံးအောင် တက်ရောက်နိုင်သူ များကို စိစစ်ရွေးချယ်ကာ သင်ကြားပို့ချမည် ဖြစ်ပြီး အသက် ၁၈ နှစ်မှ ၄၅ နှစ် အတွင်းရှိ အခြေခံအင်္ဂလိပ်စာ တတ်ကျွမ်းသူ များကို ရွေးချယ်ကာ အခမဲ့သင်ကြား ပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမဲ့ သင်တန်းများကို ဟိုတယ်လုပ်ငန်း လေ့ကျင့်ရေး မိတ်ဖက်ဟိုတယ် များတွင် ဆွစ်ဇာလန် နိုင်ငံမှ ဟိုတယ်လုပ်ငန်း ကျွမ်းကျင်သည့် ပညာရှင်များက တစ်ကြိမ်လျှင် လူဦးရေ ၅ဝဝ ကို သင်ကြားပေး သွားမည် ဖြစ်သည်။

အဆိုပါ အခမဲ့ သင်တန်းများကို တစ်နှစ်လျှင် နှစ်ကြိမ် ဖွင့်လှစ်မည် ဖြစ်ရာ မြန်မာနိုင်ငံရှိ တစ်နှစ်လျှင် လူငယ် ၁ဝဝဝ ခန့်မှာ ဆွစ်နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး ဖောင်ဒေးရှင်း (Swisscontact ) ၏ ဟိုတယ်အခြေခံ ဝန်ဆောင်မှု အခမဲ့သင်တန်း များကို တက်ရောက်နိုင်မည် ဖြစ်သည်။ လူငယ်များကို ဟိုတယ်လုပ်ငန်း လေ့ကျင့်ရေး ကနဦး ဆောင်ရွက်မှု အကောင် အထည်ဖော်ခြင်း နှင့် စပ်လျဉ်းသည့် နားလည်မှု စာချွန်လွှာကို မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနနှင့် ဆွစ်ဇာလန် နိုင်ငံ ဆွစ်နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး ဖောင်ဒေးရှင်း (Swisscontact) တို့ ဖေဖော်ဝါရီ လကုန်ပိုင်း ကတည်းက လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ (၃၃၆)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger