www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 6, 2015

ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ်တစ်စင်း ရန်ကုန်မြို့သို့ ဆိုက်ရောက်


ရေတပ်လေ့ကျင့်ရေးကျောင်း ၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဌေးနိုင် နှင့် 
တပ်မတော်(ရေ) မှ အရာရှိကြီးများ ၊ အရာရှိ ၊ စစ်သည်များ 
ထိုင်းဘုရင့်ရေတပ် မှ စစ်ရေယာဉ် HTMS SAIBURI FF- 458 ကို ကြိုဆိုနှုတ်ဆက်စဉ်


နေပြည်တော် ၊ ၆-၃-၂၀၁၅

ထိုင်းဘုရင့် ရေတပ်မှ စစ်ရေယာဉ် HTMS SAIBURI FF-458 သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရန်ကုန်မြို့၊ သန်လျင် သီလဝါဆိပ်ကမ်း MITT တံတားသို့ ယမန်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ရောက်ရှိလာရာ ရေတပ် လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဌေးနိုင် နှင့် တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များက ကြိုဆိုနှုတ်ဆက် ကြသည်။

အဆိုပါ စစ်ရေယာဉ်တွင် ထိုင်းဘုရင့် ရေတပ် Third Naval Area Command မှ Chief Of Staff, RADM Somchai Nabangchang ဖြစ်သူဦးစီး၍ အရာရှိ၊ အခြားအဆင့် စုစုပေါင်း ၂၂၂ ဦးလိုက်ပါ လာပြီး ရန်ကုန်မြို့တွင် မတ် ၅ ရက်မှ ၉ ရက်ထိ ငါးရက်ကြာ နေထိုင် လည်ပတ်မည် ဖြစ်သည်။

၎င်း စစ်ရေယာဉ်သည် မတ် ၃ ရက် နံနက်ပိုင်းတွင် မြိတ်မြို့သို့ ရောက်ရှိခဲ့ရာ တနင်္သာရီ ရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မိုးအောင် နှင့် တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက် ကြပြီး စစ်ရေယာဉ် ပေါ်ပါ အရာရှိ၊ စစ်သည်များသည် တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်နှင့် မြိတ်မြို့အတွင်း လှည့်လည် ကြည့်ရှုလေ့လာ ခဲ့ကြကြောင်း၊ မတ် ၄ ရက် နေ့လယ်ပိုင်းတွင် မြိတ်မြို့မှ ရန်ကုန်မြို့သို့ ဆက်လက် ထွက်ခွာ လာခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သို့ အိမ်နီးချင်း နိုင်ငံများမှ စစ်ရေယာဉ်များ မကြာခဏ လာရောက် လည်ပတ်ခြင်းဖြင့် နှစ်နိုင်ငံရေတပ် အချင်းချင်း သာမက နိုင်ငံ အချင်းချင်း ချစ်ကြည် ရင်းနှီးမှု၊ ယုံကြည်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုမြှင့်တင် ဆောင်ရွက် လာနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger