www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 17, 2015

စက်မှုဇုန်ထုတ် ကားဈေးကွက် အရောင်းအဝယ်မရှိ ဖြစ်နေပြီး ဈေးကွက်ရပ်နားထားရ


ရန်ကုန် ၊ ၁၇-၃-၂ဝ၁၅

ပြည်တွင်း စက်မှုဇုန်ထုတ် ကားဈေးကွက် အတွင်း အရောင်းအဝယ် မရှိသည့် အခြေအနေ များကြောင့် ဈေးကွက်ရပ်နား ထားရကြောင်း စက်မှုဇုန်ထုတ် ကားဈေးကွက်ရှိ မော်တော်ယာဉ် အရောင်းအဝယ် လုပ်ကိုင် သူများထံမှ သိရသည်။

စက်မှုဇုန်ထုတ် ကားများ အပ်နှံခွင့် ခေတ္တရပ်ဆိုင်း ထားခြင်းကြောင့် ဈေးကွက်အတွင်း စက်မှုဇုန်ထုတ်ကား အရောင်းအဝယ် ရပ်တန့်သွားကာ ဈေးနှုန်းများ ကျဆင်းသွားခြင်း ဖြစ်ကြောင်း သိရသည်။ ယခင်က အဆိုပါ
ယာဉ်များမှာ ဝယ်ယူမှု များသော်လည်း ယခုအခါ ဝယ်ယူသူနှင့် စုံစမ်းမေးမြန်းသူ မရှိဖြစ်နေပြီး ဈေးနှုန်းကျဆင်း သွားခြင်းကြောင့် ရောင်းချ သူများက အရောင်းအဝယ် ရပ်နားထားခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် တစ်ပတ် အတွင်းက လိုင်စင် သက်တမ်းရှိသော စက်မှုဇုန်ထုတ် ကားများကို ရွေးချယ် ဝယ်ယူမှုများ ရှိခဲ့ပြီး ယခုအခါ ဝယ်ယူသူ မရှိတော့ကြောင်း သိရသည်။ ပြည်တွင်း ကားဈေးကွက် အတွင်း စက်မှုဇုန်ထုတ် ကားဈေးကွက်သည် အပ်နှံခွင့် အတွက် ပြန်လည် စိစစ်ရန် ခေတ္တရပ်နား ထားခြင်းကြောင့် ဈေးကွက် လည်ပတ်နိုင်ခြင်း မရှိ ဖြစ်နေကြောင်း သိရသည်။

ထို့အပြင် ဧပြီလမှစတင်၍ ဆိပ်ကမ်းရောက် မော်တော်ယာဉ်များ အတွင်းမှ ယာဉ်ဟောင်း အစားထိုး တင်သွင်းခြင်း များကိုလည်း အခွန်လျှော့ပေါ့ ပေးမည် မဟုတ်ဘဲ အခွန်အပြည့် ပေးဆောင်ရမည် ဖြစ်သောကြောင့် အပ်နှံကားစလစ် မှလွဲ၍ ယာဉ်အဟောင်း များကို လူကြိုက်နည်းကာ အဝယ်လျော့ကျ သွားမည် ဖြစ်သည်။ ယင်းအတွက် အရောင်းအဝယ် လုပ်ကိုင်သူ များသည် ဈေးကွက် အခြေအနေ ပေါ်မူတည်၍ လုပ်ကိုင် နေသဖြင့် အကျိုးဖြစ်ထွန်းမှု မရှိနိုင်ကြောင်း သိရသည်။

စက်မှုဇုန်ထုတ်ကား (ပုံ)များ အပ်နှံ လဲလှယ်ခွင့် ရပ်ဆိုင်းထားသည့် အတွက် အမည်ပေါက် စလစ်ဈေးငွေကျပ် ၅၄ သိန်းအထိ မြင့်တက်ခဲ့ပြီး လက်ရှိတွင် ငွေကျပ် ၅၂ သိန်းဖြင့် အရောင်းအဝယ် ရှိသည်။ အဆိုပါ စလစ်များ အတွက် စက်မှုဇုန်ထုတ်ကား များ ဝယ်ယူစုဆောင်း ထားသူများ အနေဖြင့် အရှုံးဖြစ်ပေါ် နေပြီး ယာဉ်တင်သွင်း သူများ အတွက်လည်း စလစ်စုဆောင်း ထားသူများ၏ ဈေးကစား ခြင်းများ ဈေးကွက်အတွင်း ဖြစ်ပေါ်ပါက စလစ်ဈေးများ တက်လာမည် ဖြစ်ကြောင်းနှင့် လက်ရှိတွင် ဈေးကွက်အတွင်း အပန်းဖြေ ခရီးသွားနိုင်သော ယာဉ် အမျိုးအစား များသာ အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger