www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 6, 2015

မော်တော်ယာဉ် နည်းပညာ ဒီပလိုမာတန်းခွဲသစ်များ ဖွင့်လှစ်မည်


ရန်ကုန် ၊ ၆-၃-၂၀၁၅

ဂျပန်နိုင်ငံမှ Okayama Institute of Science and Technology (OIST) နှင့် မြန်မာနိုင်ငံမှ GLORY Career Training Center တို့ပူးပေါင်း၍ မော်တော်ယာဉ် နည်းပညာ ဒီပလိုမာ တန်းခွဲသစ်များကို ဆက်လက်ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုအခါ သင်တန်း အမှတ်စဉ်(၁) အဖြစ် မြန်မာကျောင်းသား နှင့် မြန်မာဆရာ များကို ဂျပန်ဆရာ များက လေ့ကျင့် သင်ကြားပေး နေပြီး ဧပြီလတွင် နောက်ထပ် သင်တန်းခွဲများ ဖွင့်လှစ်ရန် စီစဉ်လျက် ရှိသည်။ အဆိုပါ သင်တန်းသည် သင်တန်းကာလ တစ်နှစ် ကြာမြင့်မည် ဖြစ်ကာ ဂျပန်နိုင်ငံ ကုန်းလမ်း သယ်ယူ ပို့ဆောင်ရေး ဌာန၏ Third Class အဆင့် သင်ရိုးညွှန်းတမ်း နှင့် Text Book များကို ဂျပန်ဆရာများနှင့် မြန်မာဆရာများ ပူးပေါင်းကာ စာတွေ့ လက်တွေ့သင်ကြားပေးမည် ဖြစ်ပြီး ဂျပန်နိုင်ငံ OIST မှ လာရောက် စာမေးပွဲ စစ်ဆေးကာ အောင်မြင်သူ များအား ဒီပလိုမာ အဆင့် အောင်လက်မှတ်များ ချီးမြှင့်မည် ဖြစ်သည့်အပြင် ဂျပန်နိုင်ငံသို့ လေ့လာရေး ခရီး ခေါ်ယူခြင်းနှင့် Scholarship များရွေးချယ် ပေးအပ်ရန် စီစဉ်ထားရှိခြင်း ဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် မော်တော်ယာဉ် တစ်စီးလုံး အကြောင်းအရာများ ပါဝင်ပြီး သင်ကြားမည့် ဘာသာရပ်များမှာ Diesel Engine ၊ Gasoline Engine ၊ Chassis ၊ Electrical and Electronic System၊ Maintenance တို့ဖြစ်သည်။

အဆိုပါသင်တန်း တက်ရောက်ရန် စိတ်ပါဝင်စား သူများအနေဖြင့် GLORY Career Training Center အမှတ် (၁၃၈/၁၄ဝ) ဒုတိယထပ် ပန်းဆိုးတန်းလမ်း နှင့် မဟာဗန္ဓုလ လမ်းထောင့် ကျောက်တံတား မြို့နယ် ရန်ကုန်တိုင်း ဒေသကြီး ဖုန်း-ဝ၉- ၅၁၉၇၈၁၇ နှင့် ဝ၉- ၇၃၁၂၁၇၁၇ တို့သို့ ဆက်သွယ် နိုင်ကြောင်း သိရသည်။ (၂ဝဝ)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger