www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 10, 2015

တန့်ယန်းမြို့ အခြေခံပညာ ကျောင်းများ၌ တိုင်းရင်းသားစာပေ အစပျိုး သင်ကြားမှုစတင်


တန့်ယန်း ၊ ၁၀-၂-၂၀၁၅

မြန်မာနိုင်ငံသည် တိုင်းရင်းသား များဖြင့် ဖွဲ့စည်း တည်ထောင် ထားသဖြင့် ဒေသခံ တိုင်းရင်းသား များ၏ တိုင်းရင်းသား ဘာသာ သင်ကြားရေး နှင့် တိုင်းရင်းသား စာပေ ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံတော်က စီစဉ် ဆောင်ရွက်လျက် ရှိပြီး ရှမ်းပြည်နယ် တွင်လည်း ပြည်နယ် အစိုးရ၏ ညွှန်ကြားချက် နှင့် အချို့ဒေသ များ၌ အခြေခံပညာ ကျောင်းများတွင် ရှမ်းဘာသာကို အစပျိုး သင်ကြား လျက်ရှိရာ တန့်ယန်းမြို့ရှိ အခြေခံ ပညာကျောင်း အချို့၌လည်း ရှမ်းဘာသာ စာပေကို စတင် သင်ကြား ပေးလျက် ရှိကြောင်း သိရသည်။

တန့်ယန်းမြို့တွင် ရှမ်းဘာသာ စာပေကို အစပြု သင်ကြားရေး အတွက် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ် ပညာရေးမှူး၊ မြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌ၊ အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်ကြီး များ၊ မြို့မိမြို့ဖ များနှင့် ရှမ်းစာပေ သင်ကြား ပြသမည့် ဆရာ၊ ဆရာမများ တွေ့ဆုံညှိနှိုင်း ပြီး တန့်ယန်းမြို့ အထက(၁)၊ အထက(၂) နှင့် အလက ကျောင်းများ မှ မူလတန်း ကျောင်းသားများကို တိုင်းရင်းသား ဆရာ၊ ဆရာမ ဦးရေ ၄ဝ တို့က စေတနာ့ ဝန်ထမ်း အဖြစ် စတင်သင်ကြား ပေးလျက် ရှိကြောင်း သိရသည်။

''ကျွန်တော်တို့ ရှမ်းပြည်နယ်မှာ တိုင်းရင်းသား ဘာသာစာပေ ကို အခြေခံပညာ ကျောင်းတွေမှာ သင်ကြားခွင့် ရလို့ အထူး ဝမ်းသာမိပါတယ်။ ပါဝင် ကူညီသူတွေ အားလုံး ကိုလဲ ကျေးဇူးတင် ပါတယ်။ နောက်နှစ်ဆိုရင် မြို့ပေါ်ကျောင်း အားလုံးမှာ သင်နိုင်ဖို့ အခု နွေရာသီ ကျောင်းမပိတ် ခင်မှာ အစပျိုး သင်ကြား ပေးတာ ဖြစ်ပါတယ်'' ဟု ရှမ်းစာပေ နှင့် ယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌ ကပြောပြသည်။

အဆိုပါ ရှမ်းစာပေ သင်ကြားခြင်းကို ရှမ်းပြည်နယ် တန့်ယန်းမြို့ ၊ သိန္နီမြို့၊ မိုးမိတ်မြို့ နှင့် နမ့်လန်မြို့ တို့တွင် အစပျိုး သင်ကြားနေပြီ ဖြစ်ကြောင်း သိရသည်။ (၁၇၆)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger