www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 9, 2015

အမျိုးသား အားကစားပွဲတော်တွင် ရွှေတံဆိပ် ၃၃၇ ခုအပါအ၀င် ဆုတံဆိပ်ပေါင်း ၁၁၆၀ ချီးမြှင့်မည်


ရန်ကုန် ၊ ၉-၂-၂၀၁၅

ဖေဖော်ဝါရီ ၁၃ ရက်မှ ၂၈ ရက်အထိ ကျင်းပမည့် စတုတ္ထ အကြိမ်မြောက် အမျိုးသား အားကစား ပွဲတော်တွင် ကစားနည်း ၂၇ မျိုး ထည့်သွင်း ကျင်းပမည် ဖြစ်ပြီး ရွှေတံဆိပ် ၃၃၇ ဆု အပါအဝင် ဆုတံဆိပ်ပေါင်း ၁၁၆ဝ ချီးမြှင့်မည် ဖြစ်ကြောင်း အားကစား ဝန်ကြီးဌာနမှ သိရသည်။

စတုတ္ထ အကြိမ်မြောက် ကျင်းပမည့် အမျိုးသား အားကစားပွဲတော် တွင် လက်ရွေးစင် အဆင့်ရှိ ကစားသမား များသည် တိုင်းဒေသကြီး ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်နိုင်ပြီး နေပြည်တော် ကောင်စီ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၅ ခုမှ ကစားသမား အမျိုးသား ၂၈၉၅ ဦးနှင့် အမျိုးသမီး ၁၄၆၆ ဦး စုစုပေါင်း ၄၃၆၁ ဦး ဝင်ရောက် ယှဉ်ပြိုင်ရန် စာရင်းပေးသွင်း ထားကြောင်း၊ ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ကစားသမား အားလုံးကို နေပြည်တော် အားကစားရွာ ၌ ထားရှိမည် ဖြစ်ကြောင်း သိရသည်။

စတုတ္ထ အကြိမ်မြောက် ကျင်းပမည့် အမျိုးသား အားကစားပွဲတော် တွင် ပါဝင်မည့် အားကစားနည်း များမှာပြေးခုန်ပစ်၊ ကြက်တောင်၊ တိုက်ကွမ်ဒို၊ မြန်မာ့သိုင်း၊ ဘတ်စကက်ဘော၊ ဘော်လီဘော၊ ဘိလိယက်နှင့် စနူကာ၊ အလေးမ၊ ရိုးရာခြင်းလုံး နှင့် ကာယ ကြံ့ခိုင်မှု၊ အနောက်တိုင်း လက်ဝှေ့၊ ရိုးရာလက်ဝှေ့၊ စစ်တုရင်၊ စက်ဘီး၊ ဘောလုံး (အမျိုးသား၊ အမျိုးသမီး)၊ ဖူဆယ် (အမျိုးသား၊ အမျိုးသမီး)၊ ဂေါက်သီးရိုက်၊ ဂျူဒို၊ ကရာတေးဒို၊ ဝူရှူး၊ ရိုးရာလှေ၊ ပိုက်ကျော်ခြင်း၊ ရေကူးနှင့် ဒိုင်ဗင်၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊ သုံးမျိုးစုံအားကစားနည်း၊ စက်ဘီး နှင့် ခရစ်ကတ် ကစားနည်း တို့ ပါဝင်ကြောင်း အားကစား ဝန်ကြီးဌာနမှ သိရသည်။

အမျိုးသား အားကစား ပွဲတော်ကို ၁၉၉၂ ခုနှစ်၊ ၁၉၉၄ ခုနှစ်နှင့် ၁၉၉၇ ခုနှစ်တို့တွင် ကျင်းပနိုင်ခဲ့ သော်လည်း ယခု ကျင်းပမည့် စတုတ္ထ အကြိမ်မြောက် အမျိုးသား အားကစား ပွဲတော်ကို ၁၇ နှစ် ကျော်ကြာမှသာ ပြန်လည် ကျင်းပနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။ (၄၄၇) 

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger