www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 9, 2015

မြန်မာ့ မီးရထားမှ ကွန်ပျူတာစနစ်ဖြင့် လက်မှတ် ရောင်းချမည့် ဝန်ဆောင်မှုအတွက် ဝန်ထမ်းများစတင်ခေါ်ယူ


ရန်ကုန် ၊ ၉-၂-၂ဝ၁၅

ယခုနှစ်တွင် ကွန်ပျူတာ စနစ်ဖြင့် ရထား လက်မှတ်များ စတင် ရောင်းချပေးမည် ဖြစ်သောကြောင့် ဝန်ထမ်း ခေါ်ယူမှု ဆောင်ရွက်လျက် ရှိကြောင်း မြန်မာ့ မီးရထားမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကွန်ပျူတာ စနစ်ဖြင့် လက်မှတ် ရောင်းချမှု အတွက် ဝန်ထမ်း ခေါ်ယူရာတွင် အနိမ့်ဆုံး ပညာ အရည်အချင်း မှာ တက္ကသိုလ် ဝင်တန်း အောင်မြင်ရမည် ဖြစ်ပြီး မြို့ပတ် ဘူတာရုံ များနှင့် နီးစပ်ရာ နေရာဒေသ များ၌ နေထိုင်သူ များကို ဦးစားပေး ခန့်အပ် သွားမည် ဖြစ်ကြောင်းနှင့် ကွန်ပျူတာ စနစ်ဖြင့် လက်မှတ် ရောင်းချမှု စနစ်ကို သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပုရွက်ဆိတ်ကုန်း၊ မင်္ဂလာဒုံ၊ ပုဇွန်တောင်၊ မလွှကုန်း၊ သင်္ဃန်းကျွန်း၊ လှော်ကား၊ တိုးကြောင်ကလေး၊ ဒညင်းကုန်း၊ အင်းစိန်၊ သမိုင်း၊ လှည်းတန်း၊ ကြည့်မြင်တိုင်၊ ဘုရားလမ်း နှင့် ရန်ကုန် ဘူတာကြီး အပါအဝင် တံတားကလေး ဘူတာ တို့၌ ကွန်ပျူတာ စနစ်ဖြင့် လက်မှတ် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် မြန်မာ့မီးရထား အနေဖြင့် ခရီးစဉ် တစ်ပိုင်းလျှင် ငွေကျပ် ၅ဝ၊ ၁ဝဝ၊ ၂ဝဝ၊ ၃ဝဝ တို့ ဖြင့် လက်မှတ်များ ရောင်းချ ပေးလျက် ရှိကြောင်း၊ နောက်ပိုင်းတွင် လျှပ်စစ်နှင့် ဒီဇယ် အသုံးပြု၍ မောင်းနှင် နိုင်သည့် ရထားများ ကိုလည်း ထပ်မံတိုးချဲ့ ပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကွန်ပျူတာ စနစ်ဖြင့် ရထားလက်မှတ် ရောင်းချမှု အတွက် ခေါ်ယူမည့် ဝန်ထမ်းများကို မြန်မာ့မီးရထား မှ ရထားနှင့် သက်ဆိုင်သည့် သင်တန်းများနှင့် အခြား သင်တန်းများ သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သီရိ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger