www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 9, 2015

ပဲမျိုးစုံတင်ပို့မှုတွင် မြန်မာနိုင်ငံသည် ဒုတိယအဖြစ် ရပ်တည်လျက်ရှိပြီး ၈၀ ရာခိုင်နှုန်းမှာ အိန္ဒိယနိုင်ငံသို့ တင်ပို့နေ


ရန်ကုန် ၊ ၉-၂-၂၀၁၅

မြန်မာနိုင်ငံသည် ကမ္ဘာ့ ဈေးကွက်၌ ပဲမျိုးစုံ တင်ပို့ ရောင်းချမှုတွင် ဒုတိယ အများဆုံး တင်ပို့ရောင်းချ နေသည့်နိုင်ငံ အဖြစ် ရပ်တည်နေပြီး တင်ပို့မှု၏ ၈ဝ ရာခိုင်နှုန်းမှာ အိမ်နီးချင်း နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ သို့ တင်ပို့နေခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းတင်ပို့ ရောင်းချသူများ အသင်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

မြန်မာနိုင်ငံသည် ပြည်တွင်း၌ ပဲစားသုံးမှု ပမာဏ နည်းပါးသည့် အတွက် ထွက်ရှိသော ပဲအားလုံး နီးပါးကို ပြည်ပသို့ တင်ပို့နေပြီး တင်ပို့မှုများ၏ ၈ဝ ရာခိုင်နှုန်းမှာ အိမ်နီးချင်း နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံသို့ တင်ပို့နေခြင်း ဖြစ်ကြောင်း တင်ပို့သည့် ပဲများမှာ မတ်ပဲ၊ ပဲစင်းငုံ နှင့် ပဲတီစိမ်းများဖြစ်ကြောင်း သိရသည်။

ထို့အပြင် အိန္ဒိယနိုင်ငံ သည် နှစ်စဉ် ပဲတန်ချိန် သုံးသန်း၊ သုံးသန်းခွဲခန့် ကို ပြည်ပနိုင်ငံ များမှ တင်သွင်း နေကြောင်း၊ မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့သည့် ပဲမျိုးစုံ၏ ၉ဝ ရာခိုင်နှုန်း ကျော်သည် ကုန်ကြမ်း အဖြစ်သာ တင်ပို့နေခြင်း ဖြစ်ပြီး ကုန်ကြမ်းဈေး သည် ကုန်ချောဈေးထက် ၅ဝ ရာခိုင်နှုန်းခန့် နည်းပါးသည့် အတွက် ကုန်ချော ထုတ်လုပ်၍ တင်ပို့ သင့်ကြောင်း သိရသည်။

လက်ရှိတွင် ကမ္ဘာ့ဈေးကွက် ၌ ပဲမျိုးစုံကို ကနေဒါနိုင်ငံ မှ မြန်မာနိုင်ငံ တင်ပို့မှုထက် ငါးဆခန့် ပိုမိုကာ ပထမနေရာမှ ဦးဆောင် တင်ပို့နေခြင်း ဖြစ်ပြီး မြန်မာနိုင်ငံမှ ဒုတိယ နေရာအဖြစ် ရပ်တည်ကာ သြစတြေးလျနှင့် တန်ဇန်းနီးယား နိုင်ငံတို့မှာ ကမ္ဘာ့ထိပ်သီး ပဲတင်ပို့ ရောင်းချသည့် နိုင်ငံများ ဖြစ်ကြောင်း သိရသည်။

နေနေ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger