www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 11, 2015

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များနှင့် အတူ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်အား တွေ့ဆုံ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မလေးရှားနိုင်ငံ ၀န်ကြီးချုပ် နာဂျစ်တွန်ရာဇတ် ၊ အာဆီယံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်စဉ်

နေပြည်တော် ၊ ၁၁-၂-၂၀၁၅

မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပ ပြုလုပ်သည့် (၁၂)ကြိမ် မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (12th ACDFIM)သို့ တက်ရောက်ခဲ့သော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သ ည် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များနှင့်အတူ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် နာဂျစ်တွန်ရာဇတ် အား ဖေဖေါ်ဝါရီလ ၁၀ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီ ၁၅ မိနစ်တွင် မလေးရှား ဝန်ကြီးချုပ်ရုံး နားနေခန်း၌ သွားရောက်တွေ့ဆုံ သည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ တက်ရောက်ကြပြီး မလေးရှား ဝန်ကြီးချုပ် နာဂျစ်တွန်ရာဇတ် နှင့်အတူ အစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန် ရှိသူများ တက်ရောက်ကာ အာဆီယံဒေသတွင်း ဆိုင်ရာများ ဆွေးနွေး ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် မလေးရှားဝန်ကြီးချုပ်နှင့် အာဆီယံတပ်မတော် ကာကွယ် ရေးဦးစီးချုပ် များသည် အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger