www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 18, 2015

မြန်မာနိုင်ငံသို့ ၂၀၁၅ ခုနှစ်အတွင်း ပြည်ပအပျော်စီး သင်္ဘောများစွာ ၀င်ရောက်ရန်ရှိ



ရန်ကုန် ၊ ၁၈-၂-၂၀၁၅

မြန်မာနိုင်ငံသို့ ၂ဝ၁၅ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီး သင်္ဘောများ ဝင်ရောက်ရန် ရှိကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီး သင်္ဘောများသည် မြန်မာနိုင်ငံ အတွင်းသို့ ၂ဝ၁၃ ခုနှစ် နှစ်ဦးပိုင်းမှ စတင် ဝင်ရောက်မှု များလာပြီး ဗိုလ်တထောင် ဆိပ်ကမ်းနှင့် သီလဝါဆိပ်ကမ်း တို့တွင် ဆိုက်ကပ်  ကြကြောင်း သိရသည်။ ၂ဝ၁၅ ခုနှစ် ဧပြီလ အထိ ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီး သင်္ဘော အရေအတွက် ၂၃ စင်း လာရောက် ရန် စာရင်း ပေးထားပြီး နိုင်ငံခြား ခရီးသွား ဧည့်သည်များ အနေဖြင့် ယင်း အပျော်စီး သင်္ဘောများဖြင့် ရန်ကုန်မြို့ အနီး ပတ်ဝန်းကျင်ရှိ ထင်ရှားသော နေရာများသို့ လည်ပတ် ကြကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည့် အပျော်စီး သင်္ဘောများသည် ဇန်နဝါရီလမှ စတင်၍ ဧပြီလကုန်အထိ လာရောက်လေ့ ရှိပြီး မိုးရာသီ ကာလများတွင် ဝင်ရောက်မှု နည်းပါးကြောင်း သိရသည်။ ၂ဝ၁၄ ခုနှစ်တွင် အပျော်စီး သင်္ဘော အစင်းရေ ၂ဝ ဝင်ရောက် ခဲ့ရာ တစ်နှစ်ထက် တစ်နှစ် မြန်မာနိုင်ငံ အတွင်းသို့ အပျော်စီး သင်္ဘော အစင်းရေ ဝင်ရောက်မှု တိုးတက်လာပြီး ယခုနှစ်အတွင်း ဝင်ရောက်မှု များပြား လာဖွယ် ရှိကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သုံးသပ် ပြောကြားသည်။

မြန်မာနိုင်ငံသို့ ၂ဝ၁၄ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီး သင်္ဘော အစင်းရေ ၂ဝ အထိ ဝင်ရောက် လာမှုသည် လွန်ခဲ့သော ၁ဝ နှစ်တာ ကာလအတွင်း အများဆုံး ဖြစ်ပြီး ကမ္ဘာလှည့် ခရီးသည် ၁၁၉၉၂ ဦး လာရောက် ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံခြား ခရီးသွား ဧည့်သည် အများအပြား ဝင်ရောက်ခြင်း ကြောင့် ဟိုတယ်နှင့်ခ ရီးသွားလာရေး ဝန်ဆောင်မှု အပိုင်းများတွင် ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်ချက်များ ရှိနေကြောင်း သိရသည်။ ယင်း လိုအပ်ချက် များကြောင့် ပြည်ပမှ ခရီးသွား လုပ်ငန်းများနှင့် ဟိုတယ် လုပ်ငန်းများသည် မြန်မာနိုင်ငံ၌ ယခုနှစ် အတွင်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မှု များလာပြီး အများစုသည် ရန်ကုန်မြို့၌ ဖြစ်ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger