www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 10, 2015

နိုင်ငံတစ်ဝန်း အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ချေးငွေရယူရာတွင် အခက်အခဲများ ရှိနေ



ရန်ကုန် ၊ ၁ဝ-၂-၂ဝ၁၅

နိုင်ငံတစ်ဝန်း အသေးစား နှင့် အလတ်စား စက်မှုလုပ်ငန်း များအနေဖြင့် ချေးငွေ ရယူရာတွင် အခက်အခဲများ ရှိနေကြောင်း အသေးစား နှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုဌာနမှ သိရသည်။ 

ထိုကဲ့သို့ အခက်အခဲများ ကြုံတွေ့ နေရမှုတွင် လုပ်ငန်းရှင်များ ဘက်မှ တင်ပြရသည့် အချက်အလက် များပြားနေခြင်း သည်လည်း ပါဝင်ကြောင်း စားသောက်ကုန် ထုတ်လုပ်သူ တစ်ဦး က ပြောသည်။

အသေးစား နှင့် အလတ်စား စက်မှုလုပ်ငန်း ရှင်များ အနေဖြင့် ချေးငွေ ရယူရန် အသေးစား နှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုဌာနသို့ လာရောက်၍ ချေးငွေ ရယူမည့် လုပ်ငန်းများသည် စက်မှု ကြီးကြပ်ရေး နှင့် စစ်ဆေးရေး ဦးစီးဌာနတွင် မှတ်ပုံတင် ထားခြင်း ရှိ၊ မရှိကို ပထမဆုံး စစ်ဆေးခံ ရမည် ဖြစ်ကြောင်း သိရသည်။

ဒုတိယ အဆင့်တွင် အသေးစား နှင့် အလတ်စား လုပ်ငန်းရှင်များ အနေဖြင့် ချေးငွေ အဆိုပြုလွှာ တင်သွင်းရာ၌ ချေးငွေ လျှောက်ထားသည့် လုပ်ငန်းများ၏ အခြေအနေ ပုံစံတွင် ဖြည့်စွက်ပြီး လိုအပ်သည့် စာရွက်စာတမ်း များနှင့် ဓာတ်ပုံများကို ပူးတွဲတင်ပြ ရမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် SME ချေးငွေ ရရှိရန် ငွေချေးလိုသည့် လုပ်ငန်း များသည် စက်မှု လုပ်ငန်းဖြစ်ရန် လိုအပ်ပြီး (မြေနှင့် မရွှေ့ပြောင်း နိုင်သော အဆောက်အအုံ ) စသည့် အာမခံပစ္စည်း တင်ပြနိုင်ခြင်း၊ သင့်တင့်သည့် လုပ်ငန်း လည်ပတ်မှု ရှိခြင်းနှင့် ဖွံ့ဖြိုး တိုးတက်ရန် အလားအလာ ရှိခြင်းတို့ အပေါ်တွင် ချေးငွေရရှိမှု မူတည် နေကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ် မေလမှ စတင်၍ ယခုအချိန် အထိ အသေးစားနှင့် အလတ်စား စက်မှုလုပ် ငန်း ၁၄၅ ခုအတွက် ငွေကျပ် ဘီလီယံ ၂ဝ ချေးပေးမည် ဖြစ်ပြီး ယင်းအနက် ငွေကျပ် ၄ ဘီလီယံကို ထုတ်ချေးပေးပြီး ဖြစ်ကြောင်း အသေးစား နှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုဌာနမှ သိရသည်။ (၄၄၃)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger