www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 19, 2015

ဒေသလုံခြုံရေး ၊ တည်ငြိမ်ရေး နှင့် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်လျက် ရှိသော တပ်မတော် စစ်ကြောင်းများနှင့် ကိုးကန့်သောင်းကျန်းသူ အဖွဲ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွား



နေပြည်တော် ၊ ၁၉-၂-၂၀၁၅

လောက်ကိုင်ဒေသ လုံခြုံရေး၊ တည်ငြိမ်ရေး နှင့် တရားဥပဒေ စိုးမိုးရေး အတွက် တပ်မတော် အနေဖြင့် အင်အား ဖြည့်တင်း၍ နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိရာ ကိုးကန့် သောင်းကျန်းသူ အင်အားစု များနှင့် ဆက်လက် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။

ဖေဖော်ဝါရီ ၁၇ ရက် ညပိုင်းတွင် ကိုးကန့် သောင်းကျန်းသူ အင်အား ၂ဝဝ ခန့်သည် ပါစင်ကျော် ကျေးရွာအနီး တပ်ရင်း ဌာနချုပ်သို့ ပတ်ဝန်းကျင် နေရာ လေးနေရာခန့်မှ ဖြန့်ခွဲ၍ လက်နက်ကြီး/ လက်နက်ငယ် များဖြင့် လာရောက် နှောင့်ယှက် ပစ်ခတ်သဖြင့် ပြန်လည် ခုခံတိုက်ခိုက် ခဲ့ရာ ပြန်လည် ဆုတ်ခွာ သွားခဲ့သည်။

အလားတူ ဖေဖော်ဝါရီ ၁၇ ရက် ညပိုင်းမှ ယမန်နေ့ နံနက်ပိုင်းထိ လောက်ကိုင် တပ်နယ်ရှိ တပ်ရင်းတပ်ဖွဲ့ များအား အဝေးမှ လက်နက်ကြီး/ လက်နက်ငယ် များဖြင့် လာရောက် နှောင့်ယှက် ပစ်ခတ်၍ တပ်မတော် စစ်ကြောင်း များက ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကိုးကန့် သောင်းကျန်းသူများ ပြန်လည် ဆုတ်ခွာ သွားခဲ့သည်။

ထို့အပြင် သံလွင် အနောက်ခြမ်း နယ်မြေမှ လောက်ကိုင် ဒေသသို့ အဓိက ဆက်သွယ်ရေး လမ်းကြောင်းများ ဖြစ်သော သိန်းနီ- နမ့်ဆလပ်- ကွမ်းလုံလမ်း၊ ကွတ်ခိုင်- တာမိုးညဲ- မုံးစီး- တာပါးလမ်း နှင့် ကွတ်ခိုင်- မူဆယ်- ကြူကုတ်မုံးကိုး- တာကျိုင်းလမ်း တို့တွင် လောက်ကိုင် ဒေသသို့ သွားရောက်မည့် တပ်မတော် စစ်ကြောင်းများ စစ်ကူနှင့် အုပ်ချုပ်မှု ကိစ္စရပ်များ အခက်အခဲ ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခြင်း၊ ချုံခို နှောင့်ယှက် တိုက်ခိုက်ခြင်း များကို ကိုးကန့် သောင်းကျန်းသူများ အပြင် KIA ၊ TNLA နှင့် SSA (ဝမ်ဟိုင်း) လက်နက်ကိုင် အဖွဲ့များပါ ပူးပေါင်း ပါဝင် တိုက်ခိုက် ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် သောင်းကျန်းသူ အဖွဲ့များ အနေဖြင့် ဖေဖော်ဝါရီ ၁၅ ရက်မှ ယမန်နေ့အထိ ကျောက်မဲနှင့် သီပေါကြား တွင် SSA (ဝမ်ဟိုင်း)မှ တစ်ကြိမ်၊ လားရှိုးနှင့် သိန်းနီကြားတွင် SSA (ဝမ်ဟိုင်း)မှ တစ်ကြိမ်၊ သိန်းနီ နှင့် ကြူကုတ်ကြား တွင် KIA နှင့် TNLA အဖွဲ့တို့မှ သုံးကြိမ်၊ ကွတ်ခိုင်နှင့် မုံးစီးကြားတွင် KIA အဖွဲ့မှ နှစ်ကြိမ်၊ မုံးစီးနှင့် တာပါးကြား တွင် KIA အဖွဲ့မှ တစ်ကြိမ်၊ ချင်းရွှေဟော် နှင့် ပါစင်ကျော် ကြားတွင် ကိုးကန့် သောင်းကျန်းသူ အဖွဲ့မှ လေးကြိမ် အလစ်အငိုက် နှောင့်ယှက် တိုက်ခိုက်ခြင်း၊ အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခြင်းများ ဆောင်ရွက် ခဲ့သည်။

ယမန်နေ့ တွင်လည်း မွန်းလွဲ ၁ နာရီခန့်တွင် ချင်းရွှေဟော်မှ လောက်ကိုင် သို့ အင်အား ဖြည့်တင်းရန် ချီတက်လျက် ရှိသော တပ်မတော် စစ်ကြောင်းအား ကိုးကန့် သောင်းကျန်းသူ တို့မှ ပါစင်ကျော် တစ်ဝိုက်တွင် စောင့်ကြို၍ နှောင့်ယှက် တိုက်ခိုက် လာသဖြင့် တပ်မတော် စစ်ကြောင်းက ပြန်လည် တိုက်ခိုက် ရှင်းလင်းလျက် ရှိသည်။

ဖေဖော်ဝါရီ ၁၅ ရက်မှ ယမန်နေ့ထိ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားမှုတွင် တပ်မတော်မှ စစ်သည် သုံးဦး အသက်ပေးလှူ ခဲ့၍ အရာရှိ တစ်ဦးနှင့် စစ်သည် ၂၆ ဦးတို့ ဒဏ်ရာ ရရှိကာ ဒေသခံ ပြည်သူနှစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာ ရရှိခဲ့ရာ ဒဏ်ရာရရှိ သူများအား လားရှိုး၊ ပြင်ဦးလွင် တပ်မတော် ဆေးရုံများသို့ ပို့ဆောင်၍ ဆေးကုသမှုများ ဆောင်ရွက် ပေးလျက် ရှိသည်။

တပ်မတော် အနေဖြင့် လောက်ကိုင် နယ်မြေ အတွင်း လုံခြုံမှုရရှိကာ တည်ငြိမ် အေးချမ်း သည် အထိ လိုအပ်သော အင်အားကို အသုံးပြု၍ တိုက်ခိုက် ရှင်းလင်း သွားမည် ဖြစ်ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger