www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, February 8, 2015

ကျောင်းသူများ ပါဝင်သော စာတတ်မြောက်ရေး လုပ်ငန်းစဉ်ကို မြို့နယ် ၃၀ ၌ လုပ်ဆောင်သွားမည်


ရန်ကုန် ၊ ၈-၂-၂၀၁၅

တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော စာတတ်မြောက်ရေး လုပ်ငန်းစဉ် ကို ယခုနှစ်တွင် နေပြည်တော် ကောင်စီ နယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွင်းရှိ မြို့နယ် ၃ဝ ၌ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်း က ပြောကြား ခဲ့သည်။

အဆိုပါ စာတတ်မြောက်ရေး လုပ်ငန်းစဉ်ကို ယခင်နှစ် များက ပညာရေး သုတေသန ဦးစီးဌာန တစ်ခုတည်းက လုပ်ကိုင် ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ယင်း လုပ်ငန်းစဉ်အား အခြေခံ ပညာ ဦးစီးဌာန သို့ လွှဲအပ် လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

''၂ဝ၁၄ ခုနှစ်က တိုင်းဒေသကြီး နဲ့ပြည်နယ်များမှ မြို့နယ် ၃ဝ ကို တက္ကသိုလ် ၂၉ ခုက ကျောင်းသား၊ ကျောင်းသူ တွေနဲ့ ဒေသခံ ဆရာ၊ ဆရာမ တွေနဲ့အတူ အခြေခံ စာတတ်မြောက်ရေး လုပ်ငန်း လုပ်ကိုင်ခဲ့တာ အောင်မြင်မှုတွေ ရရှိခဲ့ ပါတယ်။ ဒီ အတွေ့အကြုံ အရ ၂ဝ၁၅ ခုနှစ်မှာ နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး နဲ့ ပြည်နယ် တွေမှာရှိတဲ့ မြို့နယ် ၃ဝ ကို တက္ကသိုလ် ၂၇ ခုက ကျောင်းသား၊ ကျောင်းသူ များက လုပ်အားပေး သွားမှာ ဖြစ်ပါတယ် ... ''ဟု ဦးစိုးဝင်း က ဆက်လက် ပြောသည်။

စာတတ်မြောက်ရေး လှုပ်ရှားမှုနှင့် ပတ်သက်၍ စေတနာ ကျောင်းသား များက ယခုနှစ် ဧပြီ ၁ ရက်မှ မေ ၁၅ ရက်အထိ လုပ်ဆောင် သွားမည်ဖြစ်ပြီး ယင်းအတွက် တက္ကသိုလ် ၂၇ ခုမှ ဆရာ၊ ဆရာမ ၅ဝ ကျော်အား ဗဟိုအဆင့် သင်တန်း ပေးလျက် ရှိကြောင်း သိရသည်။

ဆုလာဘ်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger