www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, February 8, 2015

Multi-Media အတတ်ပညာ ဘွဲ့ဒီပလိုမာ သင်တန်းသားများ ရန်ကုန်နှင့် စစ်ကိုင်းပညာရေး တက္ကသိုလ်များမှ စတင်ခေါ်ယူ


ရန်ကုန် ၊ ၈-၂-၂ဝ၁၅

အခြေခံပညာ ကျောင်းများ၌ အလယ်တန်းပြ ဆရာများအဖြစ် ခန့်အပ်ရန် Multi-Media အတတ်ပညာဘွဲ့ ဒီပလိုမာ သင်တန်းသား များအား ရန်ကုန်ပညာရေး တက္ကသိုလ် နှင့် စစ်ကိုင်းပညာရေး တက္ကသိုလ်မှ စတင် ခေါ်ယူလျက် ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းအတွက် လျှောက်လွှာများအား ဖေဖော်ဝါရီ ၁၃ ရက် နောက်ဆုံး ထားကာ နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ပညာရေးမှူး ရုံးများမှ တစ်ဆင့် သက်ဆိုင်ရာ အခြေခံပညာ ဦးစီးဌာနသို့ လျှောက်ထား ရမည်ဖြစ်ပြီး ဖြေဆိုရမည့် အမည်စာရင်းကို ဖေဖော်ဝါရီ ၁၆ ရက်တွင် သက်ဆိုင်ရာ ဦးစီးဌာနများ နှင့် စာဖြေဌာန များတွင် ကြေညာ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

လူတွေ့နှုတ်ဖြေ ကို မတ် ၁၇ ရက်တွင် ဖြေဆိုရမည် ဖြစ်ပြီး ကွန်ပျူတာ ပညာရပ် နားလည် တတ်ကျွမ်းမှု အခြေခံသည့် အင်္ဂလိပ်စာ နှင့် အထွေထွေ ဗဟုသုတ ရေးဖြေ စာမေးပွဲကို ဖေဖော်ဝါရီ ၂၁ ရက်တွင် ဖြေဆိုရမည် ဖြစ်ကြောင်း သိရသည်။

ဖြေဆို အောင်မြင်သူများ အတွက် သင်တန်း ကာလမှာ ၂ဝ၁၅ ခုနှစ် ဇွန် ၁ ရက်မှ ၂ဝ၁၆ ခုနှစ် ဧပြီလဆန်း အထိ ၁ဝ လကြာ တက်ရောက် ရမည်ဖြစ်ပြီး ရန်ကုန် ပညာရေး တက္ကသိုလ် နှင့် စစ်ကိုင်းပညာရေး တက္ကသိုလ် များ၌ တက်ရောက် နိုင်သူများသာ လျှောက်ထား နိုင်ကြောင်း သိရသည်။ သင်တန်း ပြီးဆုံးပါက အခြေခံပညာ ကျောင်းများ၌ အလယ်တန်းပြ ဆရာအဖြစ် ခန့်အပ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပြင်ပမှ လျှောက်ထား လိုသူများသည် ၂ဝ၁၅ ခုနှစ် ဇွန် ၁ ရက်တွင် အသက် ၂၅ နှစ်ထက်မကြီးသူ၊ တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိသူ ဖြစ်ရမည်။ ဝန်ထမ်း ဖြစ်ပါက တက္ကသိုလ် တစ်ခုခုမှ ဘွဲ့တစ်ခုခု ရရှိပြီးသူ ဖြစ်၍ အမြဲတမ်း ဝန်ထမ်း အဖြစ် လုပ်သက် အနည်းဆုံး နှစ်နှစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ဇွန် ၁ ရက်တွင် အသက် ၃၅ နှစ်ထက် မကြီးသူ ဖြစ်ရမည် ဖြစ်ကြောင်း သိရသည်။

နေနေ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger