www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 12, 2015

လောက်ကိုင်ဒေသ အတွင်း တပ်မတော် စစ်ကြောင်းများ နယ်မြေရှင်းလင်းခြင်း ဆောင်ရွက်



နေပြည်တော် ၊ ၁၂-၂-၂ဝ၁၅

ကိုးကန့် တိမ်းရှောင်အဖွဲ့ အနေဖြင့် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင် အများပြည်သူ အသုံးပြုလျက် ရှိသည့် အဓိက ဆက်သွယ်ရေး လမ်းကြောင်း ဖြစ်သော ကွမ်းလုံ ကြိုးတံတားအား ဖောက်ခွဲ ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ထော်လာဂျီ ယာဉ်ပေါ်တွင် ပေါက်ကွဲ စေတတ်သော မိုင်းနှင့် ဆက်စပ်ပ စ္စည်းများ တင်ဆောင်ကာ အချိန်ကိုက် ဖျက်ဆီးနိုင်ရေး ကြိုးပမ်းခဲ့ရာ အောင်မြင်မှု မရရှိခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် ကိုးကန့် တိမ်းရှောင်အဖွဲ့ သည် ၂ဝ၁၄ ခုနှစ် အတွင်းတွင် မုံးစီး၊ နမ့်ကျွမ်း၊ ဝေါခြုံ၊ မုံးကိုးနှင့် မုံးယား ဒေသများတွင် လည်းကောင်း၊ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလတွင် လောက်ကိုင်ဒေသ နေရာ အနှံ့အပြား ၌ လည်းကောင်း တိုက်ကွက်ဖော်ကာ စစ်ရေး လှုပ်ရှားမှုများ ပြုလုပ်ရန် ကြိုးပမ်း ခဲ့သော်လည်း ဒေသခံ ပြည်သူ၏ ပူးပေါင်း ကူညီမှု များကြောင့် သတင်း လက်ဦးမှု ရယူနိုင်ကာ တပ်မတော် စစ်ကြောင်းများမှ နယ်မြေ ရှင်းလင်း စိုးမိုးနိုင်ခဲ့၍ အခွင့်မသာဘဲ ရှိခဲ့သည်။

ဖေဖော်ဝါရီလ ပထမပတ်တွင် ဒေသခံ များ၏ သတင်းပေးချက် အရ ကိုးကန့် တိမ်းရှောင် အင်အားစု များသည် ညိုချမ်း ကူးတို့ဆိပ် မှတစ်ဆင့် လောက်ကိုင် နယ်မြေအတွင်း ဝင်ရောက် လာခဲ့ပြီး လောက်ကိုင်မြို့ တောင်ခြမ်း/ မြောက်ခြမ်း တို့တွင် အခြေပြု လှုပ်ရှားရန် ပြင်ဆင်နေကြောင်း သိရှိခဲ့ရသည်။ သတင်းရရှိချိန် မှစ၍ တပ်မတော် စစ်ကြောင်း များက နယ်မြေ ရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၉ ရက်နှင့် ၁ဝ ရက်တို့တွင် ထိတွေ့ တိုက်ပွဲဖြစ်စဉ် စုစုပေါင်း ၈ ကြိမ် ဖြစ်ပွားခဲ့ပြီး လေကြောင်းပစ်ကူ ၅ ကြိမ် ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီ ၁၁ ရက်တွင် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ တပ်မတော် စစ်ကြောင်း များက ကိုးကန့် တိမ်းရှောင်အဖွဲ့ များ ဆုတ်ခွာရာသို့ ထက်ကြပ် လိုက်လံ ရှင်းလင်းခြင်းများ နှင့် နယ်မြေ စိုးမိုးရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger