www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 3, 2015

ၾသစေၾတးလ် နှင့် မြန်မာ အမျိုးသား လေကြောင်းလိုင်း သဘောတူစာချုပ် ပြန်လည် ပြင်ဆင်ချုပ်ဆိုမည်



ရန်ကုန် ၊ ၃-၂-၂၀၁၅

သြစတြေးလျ နှင့် မြန်မာ အမျိုးသား လေကြောင်းလိုင်း ပြန်လည် ပြင်ဆင် ချုပ်ဆိုမည့် နှစ်နိုင်ငံ လေကြောင်း သဘောတူ စာချုပ်တွင် စင်းလုံးငှား လေယာဉ် ခရီးစဉ်များ အတွက်ပါ ထည့်သွင်း စဉ်းစား သွားမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''ပြန်လည် ရေးဆွဲမယ့် သဘောတူ စာချုပ်မှာ သြစတြေးလျ - မြန်မာ အမျိုးသား လေကြောင်းလိုင်း ဆိုင်ရာ သဘောတူ ထားတဲ့ အချို့ အချက်အလက် တွေကို ပြန်လည် ပြုပြင်သွားမယ်။ ဒီထဲမှာ စင်းလုံးငှား လေယာဉ်တွေ ခရီးစဉ် အတွက်ပါ ထည့်သွင်း စဉ်းစား လုပ်ဆောင် သွားမှာပါ'' ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သြစတြေးလျ နှင့် မြန်မာ အမျိုးသား လေကြောင်းလိုင်း သဘောတူ စာချုပ်ကို ၁၉၆၂ ခုနှစ်က ချုပ်ဆိုခဲ့ခြင်း ဖြစ်ပြီး လက်ရှိ အချိန်တွင် ခေတ်နှင့်အညီ ဖြစ်စေရန် လေကြောင်း သဘောတူ စာချုပ်ကို ပြန်လည် ပြင်ဆင်ချုပ်ဆို ခြင်းဖြစ်သည်။ စင်းလုံးငှား လေယာဉ်များ အတွက် ထည့်သွင်း ချုပ်ဆိုမည့် အဓိက အကြောင်းရင်းမှာ နှစ်နိုင်ငံ ပြည်သူများ အနေဖြင့် သြစတြေးလျ နှင့် မြန်မာနိုင်ငံ သို့ လွယ်ကူစွာ စင်းလုံးငှား လေယာဉ်ဖြင့် သွားနိုင်စေရန် ထည့်သွင်း ချုပ်ဆိုခြင်း ဖြစ်ကြောင်း သိရသည်။ 

မြန်မာ အမျိုးသား လေကြောင်းလိုင်း သည် ၂ဝ၁၅ ခုနှစ်တွင် နယ်သာလန်၊ ပြင်သစ်၊ အမေရိကန်၊ ဆွစ်ဇာလန်၊ တူရကီ၊ ဖိလစ်ပိုင် စသည့် နိုင်ငံများနှင့် လည်း လေကြောင်း သဘောတူ စာချုပ်အသစ်များ ချုပ်ဆိုရန် စီစဉ် ထားကြောင်း သိရသည်။

သီရိ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger