www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 17, 2015

ကိုးကန့်တိမ်းရှောင် သောင်းကျန်းသူများ ထံမှ လက်နက် ၊ ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ


လောက်ကိုင်တွင် သိမ်းဆည်းရမိ မိုင်း ၊ လက်နက် ၊ ခဲယမ်းများကို တွေ့ရစဉ်


နေပြည်တော် ၊ ၁၇-၂-၂၀၁၅

လောက်ကိုင်နယ်မြေ အတွင်း တပ်မတော် စစ်ကြောင်းများနှင့် ကိုးကန့်တိမ်းရှောင် သောင်းကျန်းသူ အဖွဲ့များ ဖေဖော်ဝါရီ ၉ ရက်မှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တပ်မတော် စစ်ကြောင်းများ အနေဖြင့် နယ်မြေတည်ငြိမ် အေးချမ်းမှု ရရှိရေးအတွက် နယ်မြေများကို အသေးစိတ် ရှင်းလင်းခြင်းများအား ဆက်လက် ဆောင်ရွက်လျက် ရှိသည်။

ဖေဖော်ဝါရီ ၉ ရက်မှ ယမန်နေ့အထိ သိမ်းဆည်းရမိ လက်နက်များ အနေဖြင့် အမ်-၂၂ (၇၁) လက်၊ အမ်-၂၁ ခုနစ်လက်၊ အမ်-၁၆ တစ်လက်၊ ကာဘိုင်တစ်လက်၊ အမ်-၂ဝ ပစ္စတို ၁၆ လက်၊ ၃ဝ၃ ရိုင်ဖယ် တစ်လက်၊ ဂျီအက်စ်ဂျီ ရိုင်ဖယ် တစ်လက်၊ လုပ်သေနတ် နှစ်လက်၊ ပွိုင့်-၂၂ နှစ်လက်နှင့် အာရ်ပီဂျီ နှစ်လက် တို့အား လည်းကောင်း၊ ခဲယမ်းများ အနေဖြင့် ပွိုင့်- ၂၅ မီလီမီတာ ၃၉၅ တောင့်၊ ပွိုင့်-၃၈ဝ မီလီမီတာ ၁၅ဝ တောင့်၊ အမ်-၂၂ ကျည် ၁၂၄၄၃ တောင့်၊ ပွိုင့်-၅ ကျည် ၈၁ တောင့်၊ အမ်-၂ဝ ကျည် ၉၇ တောင့်၊ အမ်-၁၄ ကျည် ၉၃ တောင့်၊ ၅ ဒသမ ၅၆ ကျည် ၂၂ဝ တောင့်၊ ကြိုးဆွဲလက်ပစ်ဗုံး ၁ဝ၈ လုံး၊ တိုက်မိုင်းရှစ်လုံး၊ ယမ်းပျော့ ၃ဝ တောင့်၊ ယမ်းကြိုးတစ်ခွေ၊ တိုက်မိုင်းခလုတ် ခြောက်ခု၊ မိုင်းစနက်တံ ၆၇ ခု၊ ကျည်အိမ် မျိုးစုံ ၁၂၆ ခုတို့အား လည်းကောင်း၊ မူးယစ်ဆေးဝါးများ အနေဖြင့် အဖဒရင်း အမှုန့် ၂ဝဝ ဂရမ်၊ ဘိန်းဖြူအမှုန့် ၅ ဂရမ်၊ အိုက်စ် ၅ ဂရမ်၊ ဘိန်းဆီခဲ သုည ဒသမ ၅ ကီလိုဂရမ်၊ စိတ်ကြွဆေးပြား ပြုလုပ်ရန် အသင့်ပြုလုပ် ထားသော အမှုန့် ၅ ကီလိုဂရမ်၊ ဆက်စပ်ပစ္စည်း အဖြူရောင် အမှုန့် ၃ဝ ပိဿာခန့်၊ ဆေးပြား လက်ရိုက် မိုနှစ်ခု တို့အား သိမ်းဆည်းရ မိခဲ့ကြောင်း သိရှိရသည်။















#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger