www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 17, 2015

(၂၂)ကြိမ်မြောက် မြန်မာ့ တပ်မတော် ဆေးပညာ နှီးနှောဖလှယ်ပွဲ အကြိုအလုပ်ရုံ ဆွေးနွေးပွဲကျင်းပ


(၂၂)ကြိမ်မြောက် မြန်မာ့ တပ်မတော် ဆေးပညာ နှီးနှောဖလှယ်ပွဲ အကြိုအလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

နေပြည်တော် ၊ ၁၇-၂-၂ဝ၁၅

(၂၂)ကြိမ်မြောက် မြန်မာ့ တပ်မတော် ဆေးပညာ နှီးနှောဖလှယ်ပွဲ အကြို Inter- Professional Collborative Practive Workshop အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီ တွင် မင်္ဂလာဒုံ ဆေးတက္ကသိုလ် ၌ ကျင်းပ ပြုလုပ်ရာ တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဇော်သိမ်း၊ ခေတ္တ ပါမောက္ခချုပ်၊ ဂုဏ်ထူးဆောင် ပါမောက္ခများ၊ ဌာနမှူးများ၊ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသည့် ဧည့်သည်များ၊ သင်တန်းသား ဆရာဝန်၊ ခွဲစိတ် ဆရာဝန်များ၊ သူနာပြုများ နှင့် အခြား ဆေးဝန်ထမ်း စုစုပေါင်း ၃ဝ ဦးတက်ရောက် ကြသည်။

ရှေးဦးစွာ တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဇော်သိမ်း က အဖွင့် အမှာစကား ပြောကြားပြီး တက်ရောက် လာကြသူများ နှင့်အတူ ဆေးတက္ကသိုလ် မုခ်ဦး ရှေ့တွင် အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ကူးကြသည်။

ထို့နောက် အလုပ်ရုံ ဆွေးနွေးပွဲအား ဆက်လက် ကျင်းပရာ ဂုဏ်ထူးဆောင် ပါမောက္ခ ဆရာမကြီး သုံးဦးမှ ကုသရေး ဆိုင်ရာ ကျန်းမာရေး ဝန်ဆောင်မှု များတွင် ဆေးဝန်ထမ်း များအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက် ရမည့် Team Work ဖွဲ့စည်း ဆောင်ရွက်ပုံ၊ အလေ့အကျင့်၊ နှစ်ဦး ထက်ပိုသော ဘာသာရပ် အသီးသီးရှိ ဆေးဝန်ထမ်း များမှ လူနာများအတွက် ကျန်းမာရေး စောင့်ရှောက်ပေးခြင်း၊ စုပေါင်း ဆောင်ရွက် ခြင်း အကျိုးေ ကျးဇူးများ ယခု အလုပ်ရုံ ဆွေးနွေးပွဲမှ မိမိတို့ တာဝန်ကျရာ နေရာ ပြန်ရောက်လျှင် ဆင့်ပွား လေ့ကျင့်သင်ကြား ရမည့်ပုံစံ များအား ဆွေးနွေး ဟောပြော ခဲ့သည်။

လက်ရှိကာလတွင် တပ်မတော် ဆေးဝန်ထမ်းများ အနေဖြင့် ဆေးကုသရေး အတွက် ခက်ခဲနေသော မြန်မာနိုင်ငံ အတွင်းရှိ ဝေးလံ ခေါင်းပါးသော ဒေသများမှ ပြည်သူများ ထံသို့ ပါရဂူ၊ ဆရာဝန်၊ သူနာပြုနှင့် ဆေးဝန်ထမ်း များပူးပေါင်းကာ Mobile Team ဖွဲ့စည်း၍ ရေလမ်း၊ ကုန်းလမ်း၊ လေကြောင်း ခရီးတို့ဖြင့် ကျန်းမာရေး ဝန်ဆောင်မှုများ လှည့်လည် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger