www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 5, 2015

ခရီးသည်တင် ယာဉ်လုပ်သား လောကတွင် ယာဉ်မောင်းလုပ်သား ရှားပါးလာ၍ ယာဉ်အချို့ ပြေးဆွဲမှုရပ်နားထားရ



ရန်ကုန် ၊ ၅-၂-၂ဝ၁၅

ခရီးသည်တင် ယာဉ်လုပ်သား လောကတွင် ယာဉ်လုပ်သား ရှားပါး လာခြင်းကြောင့် အချို့ ခရီးသည်တင် ယာဉ်များမှာ ပြေးဆွဲမှု ရပ်နားထား ရကြောင်း ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီ ဥက္ကဋ္ဌ ဦးလှအောင် က ပြောသည်။

ခရီးသွား ပြည်သူများ အနေဖြင့် နေ့စဉ် ကြုံတွေ့ နေရသော ယာဉ်စီးခ ပိုမို တောင်းခံသည့် ဖြစ်စဉ်များ၊ ရိုင်းပျစွာ ပြုမူ ဆက်ဆံသည့် ဖြစ်စဉ်များ လျော့နည်း ပပျောက်စေရန် ခရီးသွား ပြည်သူများ၏ တိုင်ကြားချက် များကို စစ်ဆေးရာတွင် ယင်းကဲ့သို့ ပြုမူ ဆက်ဆံသည့် ခရီးသည်တင် ယာဉ်လုပ်သား များအနက် လိုင်စင် ပိတ်သိမ်းခံ ထားရသည့် ယာဉ်လုပ်သား များနှင့် လိုင်စင် မရှိသည့် ယာဉ်လုပ်သား အများဆုံး ပါဝင်ကြောင်း မ-ထ-သ (ဗဟို) မှ သိရသည်။

မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီ မှတ်ပုံတင် ထားသည့် ခရီးသည်တင် ယာဉ်အစီးရေ မှာ ၆၆၈၄ စီးခန့်အထိ ရှိသော်လည်း နေ့စဉ် ခရီးသည် တင်ဆောင် ပြေးဆွဲနေသည့် ယာဉ်အစီးရေမှာ ၄၁၅၄ စီးသာ ရှိပြီး မှတ်ပုံတင် ထားသည့် ခရီးသည်တင် ယာဉ်အစီးရေ ၂၅၃ဝ ခန့်မှာ နေ့စဉ် လျော့နည်း နေကြောင်း သိရသည်။

ခရီးသည်တင် ယာဉ်လုပ်သား လိုင်စင် မရှိသည့် ယာဉ်လုပ်သား များကို ယာဉ်ပိုင်ရှင် များက ခန့်အပ်မှု နည်းပါး လာသော်လည်း တစ်နေ့တာ ပုတ်ပြတ် ငှားရမ်းသည့် ယာဉ်ပိုင်ရှင် များကြောင့် အချို့သော ယာဉ်လိုင်းများ၌ လိုင်စင်မဲ့ ယာဉ်မောင်းများ ဆက်လက် လုပ်ကိုင် နေဆဲ ဖြစ်ကြောင်း သိရသည်။

ထက်နေ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger