www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 13, 2015

ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင် ရွှေကျောင်းကြီး တွင် ခြကိုက်စား၍ ဆွေးမြေ့သည့် တိုင်လုံးများ ပြုပြင်ရန်ရှိ



မန္တလေး ၊ ၁၃-၂-၂၀၁၅

မန္တလေးမြို့ရှိ ရှေးဟောင်း အမွေအနှစ် တစ်ခုဖြစ်သော ရွှေကျောင်း တော်ကြီး၏ ကျောင်းတိုင်လုံး ကြီးများမှာ မိုးရွာပြီး ဆွေးမြည့်ခြင်း နှင့် ခြကိုက်စားမှု အန္တရာယ်ကြောင့် ဆွေးမြည့်ခြင်း၊ ပျက်စီး လွယ်ခြင်းတို့ ဖြစ်ပေါ်လျက် ရှိကြောင်း ရွှေကျောင်း ထိန်းသိမ်းရေး ဌာနစုမှ သိရသည်။

ရွှေကျောင်းတော်ကြီး မှာ မန္တလေးမြို့၏ တစ်ခုတည်းသော WORLD MONUMENTS FUND (WMF) ရှေးဟောင်း အဆောက်အအုံ ထိန်းသိမ်းရေး အဖွဲ့၏ ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်းဝင် ဖြစ်သည်။ အဆိုပါ ကျောင်းဆောင်ကြီး ၏ တိုင်လုံးများ အောက်ခြေတွင် ကွန်ကရစ်ဖြင့် လောင်းပြီး သံပင် ကျင်တွယ်ဖြင့် ထိန်းထား၍ ခိုင်ခံ့အောင် ဆောင်ရွက် ထားသည်။

သို့သော် တိုင်လုံးများအား ခြကိုက်စားသဖြင့် အခေါင်းပေါက်များ ဖြစ်ပေါ်လျက် ရှိကြောင်း၊ ခြကိုက်စား၍ ဆွေးမြည့်လျက် ရှိသည့် တိုင်လုံးများကို ပြုပြင် ဆောင်ရွက်ရန် ရှိကြောင်း သိရသည်။

''ရွှေကျောင်းတော်ကြီး ဝင်းအတွင်းမှာ ခြတွေရှိတယ်။ ဒီခြတွေက ခြောက်သွေ့ ရာသီမှာ မြေအောက် ရှစ်ပေလောက်မှာ နေတယ်။ အစိုဓာတ်ရှိတဲ့ နေရာပေါ့။ မိုးရွာရင် ခြတွေက အပေါ်တက် လာပြီး တိုင်လုံးတွေကို ကိုက်စား ဖျက်ဆီးတယ်။ တိုင်တွေက ကျွန်းတိုင် တွေပါ။ ဒါပေမဲ့ မိုးရွာရင် တိုင်လုံးတွေမှာ မှိုတွေ ကပ်ပါတယ်။ ခြက အဲဒီမှို တွေကို စားရင်းနဲ့ တိုင်လုံး တွေပါဆွေးပြီး အခေါင်း ပေါက်တွေ ဖြစ်ကုန်တယ်။ လက်ရှိမှာ ခြကိုက်စား ဆွေးမြည့်တဲ့ တိုင်လုံး ၁၅ လုံးကျော်ကို လဲလှယ် ပြုပြင်ဖို့ လုပ်နေပါတယ်'' ဟု ကျောင်းတော် ပြုပြင်ရေး ပညာရှင် Jeffy Allen ကပြောပြသည်။

ထို့ပြင် အဆိုပါ ရွှေကျောင်းတော်ကြီး အပေါ်သို့ ပြည်တွင်း၊ ပြည်ပ ဧည့်သည်များ တက်ရောက် လေ့လာမှုက ကျောင်းတော်ကြီး၏ ထိခိုက်မှု အများဆုံး ဖြစ်ကြောင်း၊ နေ့စဉ် တက်ရောက် လေ့လာသူ ဦးရေ ၅ဝဝ မှ ၁ဝဝဝ အကြား ရှိသဖြင့် အချိန်ကြာ သည့်အခါ ခံနိုင်ဝန် ကျဆင်း လာကြောင်း၊ ကျောင်းတော်ကြီး အတွင်းတိုင် များမှာလည်း ယခင်က ရွှေချထားပြီး ရွှေရောင် တောက်ပလျက် ရှိရာ ယခုအခါ လူများ၏ ကိုင်တွယ်မှု ဒဏ်ကြောင့် ရွှေများ တဖြည်းဖြည်း ကွာကျပြီး ရွှေရောင် မှေးမှိန် သွားကြောင်း Jeffy Allen ၏ လေ့လာချက်များ အရ သိရသည်။

လက်ရှိတွင် ရွှေကျောင်းတော် ကြီး ၏ ပျက်စီးမှု များကို လေ့လာ ဆန်းစစ်လျက် ရှိပြီး တွေ့ရှိချက် များကို စာရင်းပြုစုလျက် ရှိကြောင်း ထိန်းသိမ်းရေး ဌာနစုမှ သိရသည်။ (၁၈ဝ)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger