www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 24, 2015

ရန်ကုန်မြို့၌ အဲယားကွန်း ဘတ်စ်ကားကြီးများ ပြန်လည်ပြေးဆွဲလာ



ရန်ကုန် ၊ ၂၄-၂-၂ဝ၁၅

ရန်ကုန်တိုင်း ဒေသကြီးတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာက အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ ဖူးသော အဲယားကွန်း ဘတ်စ်ကားကြီးများ ပြေးဆွဲခြင်းကို ယခုတစ်ဖန် ပြန်လည်မြင်တွေ့ လာရကြောင်း သိရသည်။

ရန်ကုန်မြို့တွင် အဲယားကွန်း ဘတ်စ်ကားကြီးများ ပြေးဆွဲခြင်းသည် ဆယ်စုနှစ် အတန်ကြာအောင် တိမ်မြုပ် ပျောက်ကွယ်ခဲ့ပြီး ယခုအခါ ရန်ကုန်မြို့တွင်းရှိ ယာဉ်လိုင်း တချို့တွင် ပြန်လည် မြင်တွေ့လာရခြင်း ဖြစ်ပြီး
လက်ရှိတွင် ဆူးလေဘုရားလမ်း ကားဂိတ်နှင့် အင်းစိန် (ဒညင်းကုန်း) ပြေးဆွဲနေသော မ-ထ-သ အမှတ်(၄၅) ယာဉ်လိုင်းနှင့် အမှတ် (၄၈) ယာဉ်လိုင်း တို့မှ မော်တော်ယာဉ်လိုင်း များတွင် အဲယားကွန်း ဘတ်စ်ကားကြီးများ လိုင်းဝင် ပြေးဆွဲလျက် ရှိကြောင်း သိရသည်။

''လက်ရှိမှာတော့ မ-ထ-သအမှတ်(၄၅) နဲ့ (၄၈)ယာဉ်လိုင်း တွေမှာ အဲယားကွန်း ဘတ်စ်ကားကြီးတွေ ပြန်ပြီးပြေးဆွဲ လာကြတယ်။ လမ်းတစ်လျှောက်လုံး အဲယားကွန်း ဖွင့်မောင်းတယ်။ ယာဉ်စီးခ ကလည်း တခြားယာဉ်တွေ အတိုင်း နှစ်ရာ၊ သုံးရာကျပ်ပဲ။ ပြီးတော့ ထိုင်ခုံအပြည့်ပဲ လူတင်တယ်။ ရုံးတက် ရုံးဆင်းချိန်မှာ မတ်တတ်ရပ် ခရီးသည်တွေ တင်ရင်လည်း အနည်းအကျဉ်း လောက်ပဲ တင်တယ်။ ကျပ်သိပ်နေအောင် လူမတင်ဘူး။ ကားပေါ်မှာ တီဗွီလည်း ဖွင့်ထားတယ်။ ကားပိုင်ရှင် တွေက အဲဒီလို စေတနာထားပြီး ဝန်ဆောင်မှု ပေးတော့ ခရီးသည် တွေလည်း အဆင့်တန်းရှိရှိ သက်သောင့် သက်သာနဲ့ သွားလာ နိုင်တာပေါ့''ဟု ဆူးလေမှတ်တိုင် တွင် တာဝန်ကျသော မ-ထ-သ မှ ဝန်ထမ်း တစ်ဦးက ပြောသည်။

အဆိုပါ အဲယားကွန်း ဘတ်စ်ကားကြီး များတွင် ယာဉ်နောက်လိုက် များကို အမျိုးသမီး များသာ ဦးစားပေး ခန့်ထားပြီး မော်တော်ယာဉ် တစ်စီးတွင် အမျိုးသား ယာဉ်မောင်း တစ်ဦး နှင့် အမျိုးသမီး ယာဉ်နောက်လိုက် တစ်ဦး တို့ လိုက်ပါ တာဝန် ထမ်းဆောင် ကြသည်။

ထို အဲယားကွန်း ဘတ်စ်ကားကြီး များကို မကြာသေးမီက စတင်ပြေးဆွဲခြင်း ဖြစ်၍ ယာဉ်အစီးရေ နည်းပါး သေးသော်လည်း နောက်ပိုင်းတွင် အဲယားကွန်း ဘတ်စ်ကားကြီးများ ပြေးဆွဲသော ယာဉ်လိုင်း အရေအတွက် အပြင်ယာဉ်အစီးရေ လည်း ပိုမိုလာစေရန် သက်ဆိုင်ရာမှ စီစဉ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger