www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 17, 2015

ကိုးကန့်ဒေသ တည်ငြိမ်ရေး နှင့် လုံခြုံရေးအတွက် ဆက်လက် ဆောင်ရွက်မည်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် (၆/၂ဝ၁၅)

၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်
၁၃၇၆ ခု၊ တပို့တွဲလပြည့်ကျော် ၁၃ ရက်

ကိုးကန့်ဒေသ တည်ငြိမ်ရေး နှင့် လုံခြုံရေးအတွက် ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ခြင်း

၁။ ကိုးကန့်ဒေသတွင် ကိုးကန့်တိမ်းရှောင် အဖွဲ့နှင့် အခြား လက်နက်ကိုင် အဖွဲ့များ၏ လက်နက်ကိုင် တိုက်ခိုက်မှု များသည် ဒေသခံ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်နှင့် ဒေသ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေး တို့ကို ထိခိုက်စေခဲ့ ပါသည်။

၂။ သို့ပါ၍ တပ်မတော် အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရန် နှင့် နယ်မြေ လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်း သာယာရေးကို ထိန်းသိမ်းရန် တို့အတွက် လက်နက်ကိုင် တိုက်ခိုက်မှုများ ပြုလုပ်လာသည့် ကိုးကန့်တိမ်းရှောင် အဖွဲ့နှင့် အခြား လက်နက်ကိုင် အဖွဲ့များကို နယ်မြေ ရှင်းလင်းမှုများ ဆောင်ရွက်လျက် ရှိပါသည်။

၃။ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်ထောင်စု အစိုးရနှင့် တပ်မတော် အနေဖြင့် ဒေသခံပြည်သူ လူထု၏ အသက်အိုးအိမ် စည်းစိမ် လုံခြုံမှုရှိရေးနှင့် ကိုးကန့်ဒေသတွင် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေး နှင့် တရားဥပဒေ စိုးမိုးမှု ရှိရေးတို့အတွက် လိုအပ်သည့် အရေးယူ ဆောင်ရွက်မှု များကို ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

၎။ မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး(၅) ချက်ပါ ပြဋ္ဌာန်းချက် များနှင့်အညီ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် လုံခြုံရေးအတွက် ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger