www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 25, 2015

တောင်သမန်အင်းအတွင်း နေ၀င်ဆည်းဆာအလှ ကြည့်ရှုသူ နှင့် အင်းအတွင်းရှိ ငှက်လှေအားလုံး စီးနင်းသူများဖြင့် ပြည့်နှက်နေ



မန္တလေး ၊ ၂၅-၂-၂၀၁၅

မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ် အတွင်းရှိ တောင်သမန်အင်း တွင် နိုင်ငံခြားသားများ နေဝင်ဆည်းဆာ ကြည့်ရှုမှု များသဖြင့် ငှက်လှေ အသင်းရှိ လှေအားလုံး စီးနင်းမှုများပြီး ပြည့်နှက်လျက် ရှိကြောင်း ငှက်လှေအသင်း ဥက္ကဋ္ဌ ဦးစိုးဝင်း ထံမှ သိရသည်။

ထိုသို့ နေဝင်ဆည်းဆာ အလှ ကြည့်ရှုသူ နိုင်ငံခြားသား များဖြင့် ပြည့်နှက်လျက် ရှိရာ ယခုနှစ် ဇန်နဝါရီလ တွင် စီးနင်းသူ ဦးရေ ခြောက်သောင်း ရှိပြီး ဖေဖော်ဝါရီ လအတွင်း စီးနင်းသူဦးရေ ခုနစ်သောင်း ကျော်ထိ ရှိကြောင်း၊ နေဝင်ဆည်းဆာ အလှကို ငှက်လှေများ ဖြင့် လာရောက် ကြည့်ရှုမှု အများဆုံး ခရီးသည်များမှာ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ စပိန်၊ ဖင်လန်၊ အမေရိကန်၊ ဟော်လန်၊ တရုတ်၊ ဂျပန်၊ ကိုရီးယား နှင့်ထိုင်းလူမျိုး တို့ ဖြစ်ကြောင်း သိရသည်။

တောင်သမန်အင်း အတွင်း နေဝင်ဆည်းဆာ လာရောက် ကြည့်ရှုသူ များသည် အင်း၏ အရှေ့ဘက်ခြမ်း မှနေ၍ ညနေ နေဝင်ချိန်တွင် အင်းလယ်ရှိ သစ်ပင်ခြောက်၏ ပုံသဏ္ဌာန်တွင် နေလုံး၏ အရောင်နီဖြင့် ပုံရိပ်ကို စိတ်ဝင်စားပြီး မှတ်တမ်းတင် စောင့်ကြည့် ကြကြောင်း၊ နေဝင်ချိန်၌ တောင်သမန် အင်းစောင်း နေရာများတွင် လေညင်းခံခြင်းနှင့် အနားယူခြင်းများ ပြုလုပ်လေ့ ရှိကြောင်း သိရသည်။

ထိုခရီးသည်များ စီးနင်းခ သက်သာစွာဖြင့် နေဝင်ဆည်းဆာ အလှကို ကြည့်ရှုနိုင်ရန် ငှက်လှေ ၄၇ စီးဖြင့် ပို့ဆောင်ပေးလျက် ရှိကြောင်း၊ နိုင်ငံခြားသား ခရီးသည်များ စီးနင်းရာတွင် ညနေ ၄ နာရီမှ ၆ နာရီအထိ တစ်ဦးလျှင် ငွေကျပ် ၁ဝဝဝ ကောက်ခံလျကှ်ိပြီး စင်းလုံးငှား တစ်စင်းလျှင် ငွေကျပ် ၁ဝဝဝဝ ကောက်ခံလျက် ရှိကြောင်း ၄င်းက ဆက်လက် ပြောပြသည်။

''ကျွန်တော်တို့ အင်းထဲကို ငှက်လှေနဲ့ နေဝင်ဆည်းဆာ ကြည့်တဲ့ နိုင်ငံခြားသား ခရီးသည်တွေ များတာကြောင့် အင်းထဲမှာရှိတဲ့ ငှက်လှေ ၄၇ စင်းလုံး အငှားလိုက် နေရပါတယ်။ ခရီးသည် တွေရဲ့လုံခြုံရေး အနေနဲ့ ကတော့ နိုင်ငံခြားသား စောင့်ရှောက်ရေး ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် တွေနဲ့ ဆောင်ရွက် နေပါတယ်'' ဟု ငှက်လှေအသင်း ဥက္ကဋ္ဌ ဦးစိုးဝင်း က ပြောပြ၍ သိရသည်။

မြတ်ကိုထွန်း

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger