www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 28, 2015

ခရီးသွားလုပ်ငန်း အလားအလာကောင်း ဆက်လက်ထိန်းသိမ်း


ခရီးသွားလုပ်ငန်း အလားအလာကောင်း ဆက်လက်ထိန်းသိမ်း

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၏ မဟာဗျူဟာ ကျသည့် နိုင်ငံရေး နှင့် စီးပွားရေး ပြုပြင် ပြောင်းလဲမှု ကာလအတွင်း နိုင်ငံအတွင်းရှိ သက်ဆိုင်ရာ ကဏ္ဍ အသီးသီး၌ သိသာ ထင်ရှားသည့် အောင်မြင်မှုများ ရရှိခဲ့သည်။ အထူးသဖြင့် ခရီးသွားလုပ်ငန်း ကဏ္ဍနှင့် ဆက်သွယ်ရေး ကဏ္ဍများ ဖြစ်သည်။

အာဆီယံ ခရီးသွား လုပ်ငန်း ဖိုရမ် (၂ဝ၁၅)သည် ၂ဝ၁၅ ခုနှစ်ကုန်တွင် ပေါ်ထွက် လာသည့် အာဆီယံ အသိုက်အဝန်း ထူထောင်မှု၏ အရေးပါသည့် မှတ်တိုင် တစ်ရပ်နှင့် လည်း တိုက်ဆိုင်လျက် ရှိနေသည်။ မြန်မာနိုင်ငံ အနေဖြင့် ၂ဝ၁၂ ခုနှစ်တွင် ခရီးသည် ဝင်ရောက်မှု တစ်သန်းကျော် ခဲ့ပြီး ၂ဝ၁၃ ခုနှစ်တွင် တိုးတက်မှု ၉၃ ဒသမ ဝ၄ ရာခိုင်နှုန်းနှင့် အတူ ခရီးသည် ၂ ဒသမ ဝ၄ သန်းကျော် ဝင်ရောက် ခဲ့သည်။

၂ဝ၁၄ ခုနှစ်တွင် တိုးတက်မှု ၅၁ ရာခိုင်နှုန်း နှင့်အတူ ခရီးသည် သုံးသန်းကျော် ဝင်ရောက်ခဲ့သည်။ မြန်မာနိုင်ငံ အနေဖြင့် လက်ရှိ တိုးတက်မှု နှုန်းကို ဆက်လက် ထိန်းသိမ်း ထားနိုင်ပါက ၂ဝ၁၅ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသည် ၄ ဒသမ ၅ သန်းခန့် ဝင်ရောက် မည်ဟု မျှော်မှန်း နိုင်သည်။ ထို့ပြင် နိုင်ငံတကာ ခရီးသွားများ အတွက် တည်ငြိမ် အေးချမ်းမှု နှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ ကန့်သတ်မှု များ ပိုမိုဖြေလျှော့ ပေးနိုင်သည် နှင့်အမျှ ၂ဝ၁၅ ခုနှစ်တွင် ခရီးသည် ငါးသန်းအထိ တိုးတက် ဝင်ရောက် နိုင်မည် ဖြစ်သည်။

ခရီးသွား လုပ်ငန်းသည် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် အဓိက မောင်းနှင်အား တစ်ရပ် ဖြစ်သကဲ့သို့ သက်ဆိုင်ရာ နိုင်ငံ၏ ယဉ်ကျေးမှု သဘာဝနှင့် လူမှု စီးပွားရေး ဆိုင်ရာ ဆိုးကျိုး သက်ရောက်မှု များနှင့်လည်း နှီးနွှယ် ပတ်သက်နေရာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှင့် ယဉ်ကျေးမှု ဆိုင်ရာ ရေရှည် တည်တံ့ ခိုင်မြဲရန် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းတွင် လူမှု အဖွဲ့အစည်း များ ပါဝင် ဆောင်ရွက်ရေး မူဝါဒကို ပြဋ္ဌာန်း ခဲ့သည်။

ထို့ကြောင့် အစိုးရ၊ ပုဂ္ဂလိက နှင့် ပြည်သူများ ပူးပေါင်း ဆောင်ရွက်မှု ရလဒ်အဖြစ် ၂ဝ၁၄ ခုနှစ် အတွက် Lonely Planet Magazine က ပေးအပ်သည့် Best in Travel AEC Country Award 2014 ကိုရရှိခဲ့သည်။

သို့ဖြစ်ရာ နိုင်ငံတော်နှင့် ပြည်သူတို့၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုအတွက် အဓိက မောင်းနှင်အား ဖြစ်သော ခရီးသွား လုပ်ငန်း၏ အလားအလာ ကောင်းများကို နိုင်ငံတော်နှင့် ပြည်သူတို့ ဆက်လက် ထိန်းသိမ်း ဖော်ဆောင် သွားကြရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger