www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 21, 2015

၂ဝ၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ မီးလောင်မှု ၁၆၁၇ ကြိမ် ဖြစ်ပွားခဲ့ပြီး ၆ဝ ဦး သေဆုံး



ရန်ကုန် ၊ ၂၁-၁-၂၀၁၅

၂ဝ၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ မီးလောင်မှု အကြိမ် ၁၆၁၇ ကြိမ် ဖြစ်ပွားခဲ့ပြီး မီးလောင်မှု များကြောင့် လူ ၆ဝ ဦး သေဆုံး၍ အိမ်ခြေ ၃၂ဝ၆ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ချက် များအရ သိရသည်။ 

၂ဝ၁၄ ခုနှစ်အတွင်း လအလိုက် မီးလောင်ကျွမ်းမှုများမှာ ဇန်နဝါရီလတွင် ၁၇၇ ကြိမ်၊ ဖေဖော်ဝါရီလတွင် ၁၇၆ ကြိမ်၊ မတ်လတွင် ၂၆၇ ကြိမ်၊ ဧပြီလတွင် ၂၂၁ ကြိမ်၊ မေလတွင် ၁၂၇ ကြိမ်၊  ဇွန်လတွင် ၆၁ ကြိမ်၊ ဇူလိုင်လတွင် ၅၉ ကြိမ်၊ သြဂုတ်လတွင် ၆၈ ကြိမ်၊ စက်တင်ဘာလတွင် ၇၇ ကြိမ်၊ အောက်တိုဘာလတွင် ၁၃၃ ကြိမ်၊ နိုဝင်ဘာလတွင် ၁၂၆ ကြိမ်နှင့် ဒီဇင်ဘာလတွင် ၁၂၅ ကြိမ် ဖြစ်ပွားခဲ့ ကြောင်း သိရသည်။ 

မီးလောင်မှုများ အနက် အများဆုံး ပေါ့ဆမှုကြောင့် လောင်သောမီး ၅၉၂ ကြိမ်ဖြစ်ပြီး မီးဖိုမီးကြောင့် လောင်သောမီး ၃၄ဝ ကြိမ်၊ လျှပ်စစ်ကြောင့် လောင်သောမီး ၃၄၅ ကြိမ်၊ အလိုအလျောက် လောင်သောမီး ၁၆  ကြိမ်၊ မသမာသူရှို့မီး ၁၇၂ ကြိမ်၊ တောမီး ၁၅ ကြိမ် ပါဝင်ခဲ့ပြီး မီးလောင်မှုများကြောင့် စက်ရုံ၊ အလုပ်ရုံ ကိုးရုံ၊ ဂိုဒေါင် ၇၈ လုံး မီးလောင်ကျွမ်းခဲ့ပြီး ၁ဝ၆၂၄ ဦး မီးဘေးဒုက္ခ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ 

၂ဝ၁၄ ခုနှစ် အတွင်း  ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက် မီးလောင်မှုများတွင် ရန်ကုန်တိုင်း ဒေသကြီး၌ မီးလောင်မှု ၂၆၆ ကြိမ် မီးလောင်ကျွမ်းမှု အများဆုံး ဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်း ဒေသကြီး၌ ၂၁၆ ကြိမ်နှင့် ဒုတိယ အများဆုံး ဖြစ်ပွားခဲ့ကာ စစ်ကိုင်းတိုင်း ဒေသကြီး၌ ၂ဝ၆ ကြိမ် တတိယ အများဆုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ 

ထို့အပြင် ၂ဝ၁၄ ခုနှစ်အတွင်း ကားအင်ဂျင်ခန်း အပူလွန်ကဲမှုနှင့် ဘက်ထရီ ဝါယာရှော့ခ်မှ တစ်ဆင့် မော်တော်ယာဉ် မီးလောင်မှုဖြစ်စဉ် ၈၇ ကြိမ် ဖြစ်ပွားခဲ့ပြီး ၁၅ ဦး သေဆုံးခဲ့သည်။ ၂ဝ၁၄ ခုနှစ်အတွင်း လူသေဆုံးမှု များခဲ့သော မော်တော်ယာဉ် မီးလောင်မှု ဖြစ်စဉ်မှာ ဧပြီ ၁၂ ရက်တွင် ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် (၁၁၆/၂) နှင့် (၁၁၆/၃)တွင် နေပြည်တော်မှ ရန်ကုန်သို့ မောင်းနှင်လာသော Chaser ယာဉ်ကို တောင်တန်းပြာ Express က နောက်မှ ဝင်တိုက်ခဲ့ရာ Chaser မှ ဆီတိုင်ကီ ပေါက်ကွဲခဲ့ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ယာဉ်နှစ်စီး ပေါ်မှ ခရီးသည် ၁၁ ဦး သေဆုံးခဲ့သည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger