www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, January 24, 2015

မြန်မာနိုင်ငံနှင့် အာဆီယံ ဒေသတွင်းနိုင်ငံများ ဗီဇာကင်းလွတ်ခွင့် လက်မှတ်ရေးထိုးရန် သုံးနိုင်ငံသာ ကျန်ရှိ



ရန်ကုန် ၊ ၂၄-၁-၂ဝ၁၅

မြန်မာနိုင်ငံ နှင့် အာဆီယံ ဒေသတွင်း နိုင်ငံများ ဗီဇာ ကင်းလွတ်ခွင့် လက်မှတ် ရေးထိုးရန် ခြောက်နိုင်ငံမှ လက်မှတ် ရေးထိုးပြီး ဖြစ်ရာ သုံးနိုင်ငံသာ လက်မှတ် ရေးထိုးရန် ကျန်ရှိ တော့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန အာဆီယံ ရေးရာဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

မြန်မာနိုင်ငံ သည် အာဆီယံ ဒေသတွင်း နိုင်ငံများနှင့် အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့် ကို ဗီယက်နမ်၊ လာအို၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား နှင့် ဖိလစ်ပိုင် နိုင်ငံများနှင့် သဘောတူ လက်မှတ် ရေးထိုးထားပြီး ဖြစ်ရာ ထိုင်း၊ စင်ကာပူ၊ မလေးရှား နိုင်ငံ များနှင့် လက်မှတ် ရေးထိုးရန် ကျန်ရှိ နေသေးကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ တို့အကြား အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့်ကို ၂ဝ၁၃ ခုနှစ် အတွင်းက လက်မှတ် ရေးထိုးရန် လျာထား ခဲ့သော်လည်း ထိုင်းနိုင်ငံ ဘက်မှ လေကြောင်းမှ တစ်ဆင့် လာရောက် သူများကိုသာ လက်ခံမည်ဟု သဘောတူ ခဲ့ရာ နယ်စပ် ဂိတ်မှ ဝင်ထွက် သွားလာ သူများကိုပါ ကင်းလွတ်ခွင့် အတွက် သဘော တူညီချက် ရရှိရန် ညှိနှိုင်း နေရခြင်း ကြောင့် ကြန့်ကြာ နေရခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မလေးရှား နိုင်ငံ၊ စင်ကာပူ နိုင်ငံ တို့ပါ လက်မှတ် ရေးထိုးနိုင်ရန် ကြိုးစား နေကြောင်း၊ ယင်း သုံးနိုင်ငံနှင့် လက်မှတ် ရေးထိုးပြီးပါက မြန်မာနိုင်ငံ သည် အာဆီယံ ဒေသတွင်း နိုင်ငံအားလုံး နှင့် ဗီဇာ ကင်းလွတ်ခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။

နေနေ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger